Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တေဇ ကို ယောကျာ်းပီသစွာ ၀န်ခံရဲတဲ့ သတ္တိရှိဖို့ ဆုံးမလိုက်တဲ့ သန္တာလှိုင်

ပရိသတ်တွေ ကြားမှာ အရမ်းကိုဟော့ဖြစ်နေတဲ့The Model Academy ရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့ မော်ဒယ် တေဇလင်းရောင် နဲ့ ပတ်သက်ပြီး သန္တာလှိုင် က ထိရောက်တဲ့စကားလုံးတွေနဲ့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲနဲ့ပတ်သက်ပြီးလဲ တေဇလင်းရောင် ပြိုင်ခဲ့စဥ်က အခြေအနေတွေနဲ့ပတ်သက်ပြီးလဲ ပြောပြထားပါသေးတယ်။

သန္တာလှိုင် ပြောခဲ့တာကတော့ ” ဒီအပတ် Challenge မှာ မြွေကိုင်ပြီး ရိုက်ရတဲ့ သူတွေ ၆ယောက်ထဲက မြွေကြောက်တဲ့ ငြိမ်းချမ်းကိုယ်ပေါ်မှာ နေရတဲ့ မြွေ ကျတော့ အေးချမ်းတဲ့ စိတ်အခံလေးနဲ့ နေရခဲ့ လို့ အိပ်တောင် ပျော်သွားတယ်… “

“လည်ပင်းညှစ်ခံရပြီး အကိုင်အတွယ် ကြမ်းတဲ့ တေဇပေါ်မှာ ခံရတဲ့ မြွေတွေက တစ်ရှူးရှူးနဲ့ ရုန်းကန်နေရတဲ့ မြွေတွေကို သနားတယ်… တိရိစ္ဆာန်ဆိုတာ အထူးသဖြင့် လက်တွေ ခြေတွေတောင်မပါဘဲ ရှိတဲ့ ကိုယ်လုံးလေးနဲ့ တွန့်ပြီး သွားနေရတဲ့ မြွေတွေက သနားစရာ အကောင်းဆုံး သတ္တဝါတွေထဲမှာ ပါပါတယ် “

“သူတို့မှာ ထွက်လဲ မပြေးနိုင် လူတွေကိုင်ထားရင် အချုပ်ခံထားရသလို ဘယ်မှကို ထွက်သွားလို့ မရနိုင်တော့တာ သဘာဝပါ။ ဒါကြောင့် သတ္တဝါတိုင်းကို ကြင်နာသနား ကိုယ်ချင်းစာနိုင်ကြပါစေ လို့ ဆုတောင်းပါတယ်…”

“ပြီးတော့ တေဇကို အမ မှာချင်တာက ယောကျ်ား ဆိုတာ လုပ်ရဲရင် ဝန်ခံရဲရတယ်တဲ့ တေဇတစ်ယောက် ယောကျ်ား ပီသစွာ လောကကြီးကို ရင်ဆိုင်နိုင်ပါစေ…” လို့ဆိုပြီးလဲ ဆုတောင်းပေးခဲ့ပါသေးတယ်။

Snow(mcc)

(Visited 4026 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ