Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တရုတ်က စဖြစ်တိုင်း တရုတ်ကိုမုန်းဖို့အကြောင်းမရှိဘူးလို့ ဆိုတဲ့ ကျော်ကျော်ဗို

လတ်တလော ကမ္ဘာပေါ်မှာ တုန်လှုပ်ခြောက်ခြားစရာ တစ်ခုလိုဖြစ်လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်ပြီး စိတ်ဝမ်းမကွဲကြဖို့ အကယ်ဒမီ ကျော်ကျော်ဗိုက ခုလိုဘဲ ပြောပြလာခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါဟာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်လို့ တရုတ်ကို မုန်းတီးတာတွေမလုပ်ကြဖို့ ပြောပြလာတာဘဲ ဖြစ်ပါတယ်။

သူပြောခဲ့တာကတော့ ” Covid – 19 ရောဂါဟာ တရုတ်ပြည်ကစတင်ခဲ့တယ်ဆိုပေမယ့် တရုတ် ကိုမုန်းဖို့အကြောင်းမရှိပါဘူးခင်ဗျာ။ တရုတ် တိုင်းရောဂါပိုးသယ်ဆောင်သူမဖြစ်နိင်သလိုတရုတ် တွေ့တိုင်းထိတ်လန့်ရှောင်ဖယ်နေစရာမလိုအပ်ပါဘူး။ကျွန်တော်တို့စိုးရိမ်ကြောင့်ကြနေရသလိုသူတို့လည်းစိုးရိမ်ကြောင့်ကြနေကြမှာပါပဲ။ကျွန်တော်တို့ထိတ်လန့်တုန်လှုပ်ကြသလို သူတို့လည်းထိတ်လန့်တုန်လှုပ်နေကြပါလိမ့်မယ်။ကမ္ဘာဂြိုလ်မှာနေထိုင်ကြတဲ့လူသားအချင်းချင်းကိုယ်ချင်းစာကြရပါမယ်ခင်ဗျာ”

” ကမ္ဘာကြီးပျက်စီး ပျက်သုန်း ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့မှားယွင်းခဲ့ကြတာမဟုတ်ဘူးဆိုတာလည်းကျွန်တော်တို့ယုံကြည်ကြရပါလိမ့်မယ်။ကမ္ဘာပေါ်မှာဖြစ်ချိန်တန်လို့ဖြစ်လာခဲ့တဲ့အရာမှန်သမျှဟာမည်သည့်အင်အားနှင့်မျှတားဆီးလိုမရနိင်ခဲ့ဘူးဆိုတာကမ္ဘာ့သမိုင်းကြောင်းတွေပြန်ပြောင်းကြည့်လျှင်တွေ့နိင်ပါလိမ့်မယ်။ တရုတ်နိင်ငံ အမေရိကန်နိင်ငံ မြန်မာနိင်ငံ…စတဲ့နိင်ငံတွေခွဲခြားနေကြရမယ့်အချိန်အခါမဟုတ်တော့ပါဘူးခင်ဗျာ”

“ကျွန်တော်တို့အားလုံးဟာ စင်္ကြာဝဠာထဲမှာတည်မှီနေရတဲ့ ကမ္ဘာသူ ကမ္ဘာသား တွေပါ ။ I’m The World… You Are The World…” We Are The World” ပါခင်ဗျာ။ ကျွန်တော်တို့ ကမ္ဘာအတွက် ကျွန်တော်တို့လူသားမျိုးနွယ်အတွက် ကျွန်တော်တို့အားလုံးရဲ့ညီညွတ်မှု့နဲ့ ရင်ဆိုင်တွန်းလှန်ကြပါစို့။ ကျွန်တော်တို့အောင်နိုင်ရမည် ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေအနေနဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်ကြဘဲ အသိတရားတွေနဲ့ နားလည်မှုတွေနဲ့အားလုံး စုပေါင်းပြီး ဆင်ချင်နိုင်ကြပါစေနော်။

Snow(mcc)

(Visited 781 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ