Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တရားဥပဒေစိုးမိုးရေးအတွက် အဓိကအရေးကြီးဆုံးကဘာလဲ မေးလာတဲ့ လင်းလင်း

လင်းလင်း နဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီးလိုက်ပါဆောင်ရွက်နေတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဒီကိစ္စအပြင်အခြားသော ပညာရေးပိုင်းဆိုင်ရာနဲ့ လူမှုရေးကိစ္စတွေကိုလဲ ပါဝင်ကူညီလေ့ရှိပါတယ်။ လင်းလင်းက ပွင့်ပွင့်လင်းလင်းနေတက်သူဖြစ်ပြီး အမှန်တရားအတွက် အမြဲတမ်းရပ်တည်နေထိုင်သူလဲဖြစ်ပါတယ်။ သူဟာ သမီးလေး ဗစ်တိုးရီးယားကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ဖို့ဆောင်ရွက်ရင်း ယနေ့မှာတော့ တရားဥပဒေစိုးမိုးရေး အတွက် အဓိကအရေးကြီးဆုံးက ဘာလဲ ဆိုတာကို မေးလာပါတယ်။

မေးခွန်းရဲ့ အအောက်မှာတော့ ဥပဒေနဲ့ ပတ်သက်တာတွေ လတ်တလောဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး လင်းလင်းက “ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထုရဲ့အတွင်းအပြင်လုံခြုံမှု၊ စိတ်လုံခြုံမှု၊ စိုးရိမ် သမျှအရာ အားလုံး ရဲ့လုံခြုံမှုအဓိက,က ဘာလဲ? တရားဥပဒေစိုးမိုးရေး ဆိုလိုရင်းကိုပြောရရင် ကျွန်တော်တို့အားလုံး ဘာအဆင်မပြေမှုဘဲ ဖြစ်ဖြစ်၊ ကြိုက်တဲ့အဆင်မပြေမှု၊ အခက်အခဲတွေကို တန်းစီချရေး။ အဲဒါ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကြောင့်ပါဘဲ။ ဟုတ်လို့လား၊ မဖြစ်နိုင်တာ၊ မဆိုင်တာတွေလျောက်ပြောနေတယ်၊ မီးတွေပျက်ပြီး မီတာခ တက်တာ ရော၊ အရက်တုနဲ့ မိတာရော၊ အို,, ကုန်ကုန်ပြောရရင် သွားရင်းလာရင်းချီးပုံတက်နင်းမိတာအစ ရွာထိပ်က ဒေါ်အုန်းကြည်ခေါင်း မှာ သန်းတွေပေါတဲ့အဆုံးထိဗျာ။ အားလုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဆင်နိုင်သေးလို့ဘဲ”

“ဒါကိုဒွိဟဖြစ်လို့၊ သံသယဖြစ်လို့ ဆိုရင် ကိုယ်နိုင်သလောက်ရအောင်လိုက်တွေး၊ မရသေးရင်တကယ့် သမာဓိရှိတဲ့ နိုင်ငံရေးတက်သိနားလည်ဆရာသမားတွေကိုမေး။ ဒါကိုမှမဟုတ်သေးဘူး လက်မခံနိုင်ဘူးဆိုရင်တော့ အဲဒီလူဟာ ငယ်ကတည်းက ဦးနှောက်သက်ငယ်မုဒိန်းကျင့်ခံထားရတဲ့ နှောင်ကြိုးထဲက မရုန်းနိုင်သေးလို့ပါဘဲ။ ကျွန်တော်တို့ ကိုယ်တိုင်လဲ ငယ်ကတည်းက ဦးနှောက်သက်ငယ်မုဒိန်းကျင့်ခံထားရတဲ့ လူတွေပါ။ ကိုယ်သက်ဝင်ယုံကြည်လိုက်တဲ့ လူထုခေါင်းဆောင်ရဲ့ လမ်းစဉ်တွေဟာ ဘယ်လိုလဲ၊ဘာလဲ? ။ ပြည်သူ့အကျိုးအတွက် ရှိသမျှဟောပြောပွဲတွေရဲ့ အနှစ်ချုပ်အဖြေဟာဘာလဲ? ဆိုတာ တော်တော်ကြာကြာထိ ကိုယ်တိုင်အဖြေရှာကြည့်တော့မှ သိလာရတာပါ”

“ကျွန်တော်တို့နိုင်ငံတွင်း တခုခုဖြစ်ပြီဆိုရင် ဒါအစိုးရကြောင့်လို့ ဆိုတဲ့အခါမှာ ဘယ်လောက်လုပ်ပိုင်ခွင့်ရထားတဲ့ အစိုးရလဲ ? အဲဒါဘာကြောင့်လဲ? ဆိုတဲ့ မေးခွန်းပါ ကိုယ့်ကိုကိုယ်ထပ်မေးဖို့လိုပါတယ်။ ကိုယ့်တစ်ဦးထဲ ခံစားမှုနဲ့ဘယ်ဝန်ကြီး, ဘယ်ရာထူးနဲ့လူက ဘာပြောတာ၊ ဘယ်သူနဲ့ပေါင်းတာ၊ ဘာလုပ်တာတွေဟာ မဖြစ်သင့်ဘူး၊မမိုက်ဘူးဆိုတာကတော့ ကိုယ့်အခွင့်အရေး, ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဖွင့်ဟကြတာပါဘဲ။ သမီးလေးဗစ်တိုးရီးယားရဲ့ အမှုကိစ္စ။ ကြီး၊ငယ်၊လတ် မရွေး တရားခံဘယ်သူဖြစ်ဖြစ် ကျွန်တော်တို့ ကိစ္စမဟုတ်ဘူး။ တရားခံဆိုသောလူ (သို့) အချို့သည် တရားခံစစ်စစ် ဖြစ်ရမယ်။ ဒါပါဘဲ”

“လူထုကနှလုံးနာကြတယ်။ အသည်းနာကြတယ်။ ဒီအမှုမှမဟုတ် ဘယ်သက်ငယ်မုဒိန်းကိုမဆို လူသားဆန်တဲ့လူတွေဟာ အသည်းနာ၊နှလုံးနာကြတယ်။ ဗစ်တိုးရီးယားလေးအမှုကြတော့ သံသယဖြစ်စရာပေါင်းများစွာကြောင့် တကယ့် တရားခံ အစစ် လွတ်သွားမှာ စိုးရိမ်ကြတယ်။ နောက်ထပ်ဗစ်တိုးရီးယားတွေ မပေါ်စေချင်တော့ဘူး။ ဒီအတွက် လူသားဆန်တဲ့ မေတ္တာတရားကို လမ်းပေါ်ထိ ထွက်ပြကြတယ်။ လမ်းပေါ်ထွက်ကြတဲ့ လူထုတွေရဲ့ ပုံအမျိုးမျိုး၊ ကလေးလေးတွေကအစ ပါဝင်ကြတဲ့ပုံ၊ ကလေးလေးချီပြီး ပါဝင်ကြတဲ့ပုံတွေကိုကြည့်ပြီး ကျိန်တွယ်ပြောရရင် မျက်ရည်ဝဲတဲ့အထိ ခံစားရပါတယ်။ မေတ္တာတရားရောင်ပြန်ဟပ်မှုတွေပေါ့ဗျာ”

“ဒီနေရာမှာ တချို့က နိုင်ငံရေးနဲ့မဆိုင်ဘူး၊ နိုင်ငံရေးနဲ့မပတ်သတ်ဘူး၊မရောဘူး လို့ဆိုလာကြတယ်။ ဒါတော့ ကျွန်တော်လုံးဝကန့်ကွက်ပါတယ်။ သဘောမတူပါ။ ဒါနိုင်ငံရေးဗျ။ နိုင်ငံ့အရေးဘဲပြောပြော နိုင်ငံရေးဘဲပြောပြော ဒါနိုင်ငံရေးဗျ။ ဒီမှာ ဘာဖြစ်လာလဲဆိုတော့ A – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို မပြင်နိုင်မှာ စိုးရိမ်တဲ့လူတချို့ နဲ့ B – ဗစ်တိုးရီးယားလေးအမှန်တရားအတွက် လမ်းပေါ်ထွက်တဲ့လူ တချို့ ဆိုင်လာကြတယ်။ မဆိုင်စေချင်ဘူး၊ မကွဲစေချင်ဘူး။ A ရဲ့ စိုးရိမ်စိတ်လဲ B မှာရှိတယ်။ B ရဲ့စိုးရိမ်စိတ်လဲ A မှာရှိကြပါတယ်။ ဘာလို့ဆို A ရော B ရော နှစ်ဦးစလုံးဟာ မေတ္တာတရားစစ်စစ်တွေရှိတဲ့ ပြည်သူစစ်စစ်တွေမို့လို့ပါ။ A ရဲ့ စိုးရိမ်စိတ်အတွက် B က လမ်းပေါ်မှာ သံသယဖြစ်စရာကြုံရင် ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်၊ B ရဲ့ စိုးရိမ်စိတ်အတွက် A ကနည်းလမ်းကောင်းတွေနဲ့ အကြံပေး ဝန်းရံရုံပါဘဲ”

“ကျွန်တော့်တစ်ကိုယ်ရည် စိတ်။ သမီး ဗစ်တိုးရီးယားလေးအမှုကိစ္စ အတက်နိုင်ဆုံး၊ အားအထုတ်နိုင်ဆုံး နဲ့ ထဲထဲဝင်ဝင်အမှုပြီးတဲ့အထိ ကိုယ်အားစိတ်အားပါဝင်မယ်။ မန္တလေးမှာပြုလုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို ကိုယ်တိုင်ကိုယ်ကျ လမ်းပေါ်ကနေပါဝင်မယ်။ *** ရှိသမျှဘုရားတွေတောင် တစ်ကမ္ဘာလုံး တစ်ညီတစ်ညွတ်ထဲလက်ခံနိုင်မယ့်တရားမဟောနိုင်ဘူး။ နှစ်မိနစ်ဘဲခြားတဲ့ ကျွန်တော့်သမီးလေး အမြွှာနှစ်ယောက်တောင် အကျင့်၊ပုံစံ၊စရိုက်မတူဘူး ဆိုတဲ့ အရာကိုနှလုံးသွင်းရေးပါတယ်။ အဆင်ပြေသလို သဘောထားကွဲလွဲနိုင်ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့မိသူတွေအနေနဲ့ လင်းလင်းနဲ့ သဘောထားတူရဲ့လား ဆိုတာကို ပြောပြပေးကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Source – htwe lynn ko’s fb

(Visited 432 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ