Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တရားခံအစစ်မပေါ်ဘူး ဆိုရင် ပြည်သူတစ်ရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ်ထင်လို့ပါ ဆိုတဲ့ လင်းလင်း

တစ်လကျော်ကြာမြင့်နေပြီဖြစ်တဲ့ နေပြည်တော်က သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး မနေ့ကနေ့လည်ကတော့ တရားခံကို တရားစွဲဆိုလိုက်ပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားခံစစ်မစစ်ဆိုတာကို ပြည်သူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ အဆိုပါ တရားခံမှန်ကန်ရေးအတွက်ကို အဆိုတော်လင်းလင်းက နေပြည်တော်ထိသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။

အဲ့လို သွားရောက်ဆောင်ရွက်နေပြီဆိုတဲ့ အကြောင်းကို လင်းလင်းက “ နေ့လည်ကတည်းက နေပြည်တော်ကို ရောက်ပါတယ်။ သေချာတာကိုပြောရမယ်ဆိုရင် ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ ကိုယ့်တာဝန်ကိုထမ်း တာဝန်သိမိတ်ဆွေအချို့ နှင့် ကျွန်တော်အပြင် မွန်မြတ်တဲ့ နှလုံးသားတစ်စုံ အရင်းခံပြီးပါဝင်ကြမယ့် ရှေ့နေ ကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ တက်နိုင်တဲ့အား၊ နိုင်တဲ့ဝန် နဲ့ ပြီးဆုံးတဲ့အထိ လုပ်စရာရှိတာများကို တရားနည်းလမ်း ဥပဒေဘောင်အတွင်းမှ အတက်နိုင်ဆုံး ရွက်လွှင့်ကြပါမယ်”

“ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှု တကယ်ဖြစ်ခဲ့တယ်။ တရားခံအစစ် တကယ်ရှိရမယ်။ တစ်ဦးထဲလား ?။ တစ်ဦးထက်ပိုလား ? လက်ရှိစွဲချက်တင်ခံထားရတဲ့သူဟာ အစစ်လား? ဒီအမှုတွင်ဖုံးကွယ်မှုများရှိလား? ရှိရင် ဘယ်လိုလူများနဲ့ ဘယ်လိုအသိုင်းအဝိုင်းလဲ? အဲဒီမေးခွန်းတွေအတွက် ဒီနေ့ နေပြည်တော်ကိုရောက်ပါတယ်။ ဗစ်တိုးရီးယားလေးရဲ့အမှု မပြီးမချင်း ကျွန်တော့် wall မှာ ဘာမှတင်ဖို့မရှိပါဘူး။ ဆိုလိုတာက ကျွန်တော်ဘာတင်တင် ဗစ်တိုးရီးယားလေးရဲ့အမှုနဲ့ ပတ်သတ်တယ်လို့ ဆိုလိုတာပါ”

“ဒီအတွက်လဲ ကျွန်တော့်ကို မချီးကျူးပါနဲ့။ ကျွန်တော့်ကိုချီးကျူးထောပနာပြုတာထပ် ဒီအမှု အစ,ကနေ ယခုထိ နည်းမျိုးစုံနဲ့ စေတနာသန့်သန့်ပါဝင်ရပ်တည်ကြတဲ့ မိတ်ဆွေမိသားစုများကိုသာ ချီးကျူးစေချင်ပါတယ်။ ဒီအမှုကို ကိုယ်ထူကိုယ်ထ ဒီလိုပါဝင်ရတာဟာ ဘယ်သူ့ကိုမှ အမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။ ပါဝင်ရတဲ့အကြောင်းရင်ကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင် ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။ ယခုမှစပြီး အများသိသင့်တယ်ဟု ထင်သောအရာများကိုသာတင်ပါမည်။ အစွန်းများကိုဆင်ခြင်ရေးပါမည်။ အတက်နိုင်ဆုံး ဒေါသကို ဖယ်ရေးပါမည်” ဆိုပြီးရေးသားထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချစ်သုဝေကလဲ “ စိတ်မချမ်းသာလိုက်တာကွာ…အပြစ်ရှိကြောင်းခိုင်လုံတာပြနိုင်ရင်တော့ ဒါကျေနပ်စရာပေါ့…အစားထိုးတာမျိုးဆိုရင်တော့ နာကျင်ခံစားရတဲ့မိသားစုတွေပိုလာရပြီ၊ တရားခံလည်းလွတ် အပြစ်မဲ့သူလည်းဘဝပျက်၊ ဒီတော့ ပွင့်လင်းမြင်သာတဲ့ စစ်ဆေးချက်အဖြေ ရှင်းလင်းချက်တွေကို ပြည်သူ တစ်ယောက် အနေနဲ့ သိချင်ပါတယ်..” ဆိုပြီးလဲ သူမရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြလာပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးလဲ စိတ်မကောင်းဖြစ်နေမယ်လို့ ထင်မိပါတယ်။ သမီးလေးအတွက် စစ်မှန်တဲ့ တရားခံတွေ့ဖို့နဲ့ အပြစ်မဲ့သူတွေမနစ်နာစေဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Source – linlin’s fb, chit thu wai’s fb

(Visited 719 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ