Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တန်ခွန်ကျော် ကို တရားမစွဲပါဘူးဆိုတဲ့ တေးရေး ချမ်းဗိုလ်

မြန်မာအိုက်ဒေါရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ သူ့ရဲ့ good bye song ကို သက်ငယ်မုဒိန်းပညာပေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး သီဆိုဖို့သီချင်းကို မိတ်ဆက်ပေးခဲ့တဲ့နေရာမှာ မှားယွင်းပြောဆိုမိခဲ့တာကြောင့် တောင်းပန်စာကိုသူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ချက်ချင်းရေးသားခဲ့ပါတယ်။

သို့ပေမယ့်လဲ ခွင့်ပြုချက်မတောင်းဘဲ သီဆိုခဲ့တာကြောင့် တေးရေးဆရာက တရားဥပဒေအရဆောင်ရွက်သွားမယ်လို့လဲ ​ကြေညာခဲ့ပါတယ်။ တေးရေးဆရာ ချမ်းဗိုလ် ရေးသားခဲ့တာကတော့ ” သို့သက်ငယ်မုဒိန်းကောင်များအရ ကျနော်တေးရေး ချမ်းဗိုလ်မှ တရားစွဲဆိုသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ဆိုကာ ရေးသားခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ သူတို့ပြန်လည် ညှိနှိုင်းနေပါတယ် ဆိုပြီးတော့လဲ တေးရေးဆရာ ချမ်းဗိုလ် က ပြောလာပါတယ် ။ သူပြောခဲ့တာကတော့ ” ကိုတန်ခွန်ကျော် Fan များသိစေရန် (ကျွန်တော်နဲ့ ကိုတန်ခွန်ကျော်က ရန်သူတွေမဟုတ်ပါဘူး ။ ကိုတန်ခွန်ကျော် စကားမသဲမကွဲပြောမိသွားတယ်။ ချက်ခြင်းပို့စ်တင်တောင်းပန်တယ် “

” ကျွန်တော်ကလဲ ချက်ခြင်းပဲ ပို့စ်တင်ပေးလို့ ကျေးဇူးတင်စကားပြောခဲ့တယ်သူ စိတ်လှုပ်ရှားစွာနှုတ်ဆက်ခဲ့တဲ့ညက ဖြစ်သွားတဲ့အရာကို အမှားတစ်ခု စော်ကားခြင်းတစ်ခုလို့ ကျွန်တော်မသတ်မှတ်ခဲ့တာအမှန်ပါ)ဒါလေးအရင်သိထားပေးကြပါ။ (နောက်တစ်ခု ပြောချင်ပါတယ်ဗျ) တစ်ချို့ကို တန်ခွန်ကျော် fanတေကပြောကြတယ် ”

“နင့်သီချင်းသူဆိုမှသိတာ သူ့ကိုတောင်ကျေးဇူးတင်ရမယ်တဲ့ 😊ဟုတ်ကဲ့ပါ ကျွန်တော်ကလဲ တစ်နိုင်ငံလုံး အတိုင်းတာထိစိတ် ဝင်စားအားပေးကြတဲ့ Myanmar Idol လို အစီစဉ်ကြီးတစ်ခုမှာ ကျွန်တော့်သီချင်းလေးဆိုပြီး ဖျော်ဖြေပေးတာ တကယ်ရင်ထဲကကျေးဇူးတင်ပါတယ် ။ ( ဒါဆိုကျွန်တော်ဘာလို့ တရားစွဲမဲ့ ပို့စ်တင်တာလဲ?) ဒါလေးကိုတော့ စိတ်ရှည်ရှည်လေးဖက်ပေးကြပါဗျာနော်🙏”

“ကျွန်တော်က မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ နေတဲ့
လူသိပ်မသိတဲ့( တစ်ချို့ဆိုသိတောင်မသိတဲ့) အနုပညာသမားတစ်ယောက်ပါ ကို့ကိုလူသိအောင်မနဲကြိုးစားနေခဲ့ရတာ ရုန်းကန်နေရတာပါဗျာ ။ ကျွန်တော့်သီချင်းကို ကိုတန်ခွန်ကျော်ဆိုဖို့အတွက် Myanmar Idolမှ တာဝန်ရှိတဲ့ သူတွေကလဲ ကျွန်တော့်ကိုကြိုတင်ပြီး အသိလဲမပေးသလို ခွင့်လဲမတောင်းဘူး😔တကယ်ဆို ကျွန်တော့်ကို အသိမှတ်လေးပြုပြီး အသိလေးပေးရင်ကို ကျွန်တော် ကျေနပ်စွာခွင့်ပြုပေးမှာပါ”

“အခုကြ လူကမှ အညတရအနုပညာသည်ပါဆို ကိုယ်ရေးထားတဲ့သီချင်းတောင် ကို့နာမည်လေးတပ်ပြီး အသိမှတ်ပြုမခံရတဲ့ ကျွန်တော့်ဘက်ကိုလဲ နားလည်ပေးစေလိုပါတယ်ပိုဆိုးတာက တစ်ချို့ မီဒီယာဆရာကြီးတွေ က တန်ခွန်ကျော် ကိုယ်တိုင်ရေးကိုယ်တိုင်ဆို ဆိုတဲ့အသုံးနှုန်းတွေနဲ့ ဒီသီချင်းကို သုံးနှုန်းတင်ပြလာတာကြောင့် 😥 ကျွန်တော် မေတ္တာသမားကြီးလုပ်နေရင် အမှားကြာအမှန်ဖြစ် ရေများရေနိုင် မီးများ မီးနိုင် အဖြစ်မျိုးကြီး ဖြစ်မှာဆိုးလို့ သတိပေးတဲ့အနေနဲ့ တရားစွဲမဲ့ပို့စ်ကို တင်လိုက်တာဖြစ်ပါတယ် ”

” ခုဆို Myanmar Idol ကတာဝန်ရှိသူတွေဘက်က ကျွန်တော့်အကို ကိုHtin AungLinnကိုဆက်သွယ်လာတယ်လို့ သိရပါတယ် ။ ကျွန်တော်အေးဆေးသမားမို့ ပြသနာတွေအကြာကြီး ဖြစ်နေရင် စိတ်ညစ်လွန်းလို့ အတက်နိုင်ဆုံးပြေလည်အောင် ညှိနိုင်းပေးလိုက်ပါမယ်ခင်ဗျာ ။ ကိုတန်ခွန်ကျော်အတွက်စိုးရိမ်နေကြတဲ့Fan တွေလဲ စိတ်အေးအေးထားကြပါလို့ ကျွန်တော်တရားစွဲမှာက ကိုတန်ခွန်ကျော်မဟုတ်ပါဘူး။ ကိုတန်ခွန်ကျော်ကိုယ်တိုင် သူ့သီချင်းမဟုတ်ပါဘူးလို့ တရားဝင်ပို့စ်တင်ရှင်းပြထားတာတောင် ဇွတ် ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုကြည့်ရေးတင်နေတဲ့ တစ်ချို့မီဒီယာ အတုယောင် စီးပွားရေးသမားတွေကိုသာ တရားစွဲသွားမှာဖြစ်ပါ”

” (ကျွန်တော့်သီချင်းအတွက်ကျွန်တော်ရပ်တည်တဲ့နေရာမှာတစ်ခြားဘယ်သူ့ကိုမှ မထိခိုက်စေရဘူးမနစ်နာစေရပါဘူးခင်ဗျာ)။ တစ်ခုတော့တောင်းဆိုပရစေ မီဒီယာအမည်ခံပြီး ကိုယ်ကျိုးအတွက်ပဲ ကြည့်တက်တဲ့ တစ်ချို့ အတုယောင်မီဒီယာတွေက တင်သမျှကို လိုက်ခံစားပြီး ကျွန်တော်ကို့ လာမဆဲကြပါနဲ့တော့ဗျာ😧” လို့ ဆိုကာ ရေးသားထားတာ ဖြစ်ပါတယ်။

တန်ခွန်ကျော်ရဲ့ ပရိသတ်တွေ သိစေဖို့ တန်ခွန်ကျော်ကို တရားမစွဲပါဘူးဆိုတဲ့ အကြောင်းကို အသိပေးမျှဝေလိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 2679 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ