Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တစ်နေ့ထဲမှာတင် အလှူငွေ သိန်းသုံးထောင်ကျော် လှူဒါန်းခဲ့တဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ ချီးကျူးအားကျခြင်းကို ခံရပြီး အလှူအတန်းတွေလဲ များစွာလုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင်၊မော်ဒယ် စမိုင်းလ်ဟာ သူ့ရဲ့မွေးနေ့အလှအနေနဲ့ နှစ်ဖက်မိဘတွေကို အမှူးထားကာ ငွေကျပ် သိန်း ၃၀၀၀ကို လှူဒါန်းခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အရမ်းကို Romatic ဖြစ်ကြတာကြောင့် ပရိသတ်တွေက အားကျခဲ့ကြပြီး ယခုအခါမှာလဲ သူတို့ရဲ့ အလှူအတန်းတွေအတွက် ကို ထပ်မံကာ အားကျနေကြပြန်ပါတယ်။

အားကျရအောင် လှူလိုက်ပုံကတော့ ” နှစ်ဖက်သောမိဘများအားအမှူးထား၍ အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦးလွင်မြို့မှာဆောက်လုပ်မဲ့ နှစ်ထပ်ကျောင်းဆောင်သစ်အတွက် သိန်း ၁၅၀၀ နှင့် သစ်တံခါးဆရာတော်ဘုရား၏ ၃ထပ်ကျောင်း ဆောင် အတွက် သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူဒါန်းကုသိုလ်ပြု🙏🏼🙏🏼🙏🏼” ခဲ့ပါတယ် လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

ဒါအပြင် ယနေ့မနက်မှာတော့ ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်း စသဖြင့် ထပ်မံလှူဒါန်းခဲ့ကြောင်းကိုလဲ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ပရိသတ်ကို အသိပေးခဲ့ပါတယ်။ ယခုလို သိန်းပေါင်းထောင်ချီလှူဒါန်းနေတဲ့ စမိုင်းလ်တို့ကို သာဓု ခေါ်ဆိုပေးကြပါအုံးနော်။

ဖတ်ရှုပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံလဲ ယခုထက်ပိုပြီး လှူဒါန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Snow(mcc)

(Visited 614 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ