Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တစ်ချိန်က ဘောမ တစ်သိုက် အကြောင်းပြောပြလာတဲ့ ထူးအယ်လင်း

ပရိသတ်တွေ မမေံနိုင်တဲ့ အဆိုတော်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ ထူးအယ်လင်းက အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူက ပွင့်လင်းရိုးရှင်းစွာ နေတက်သလို စကားပြောတဲ့ အခါမှာလဲ ပြတ်သားထိမိတဲ့ သူတစ်ဦးပါ။ သူက ယခုအခါမှာတော့ သာကူး အနုပညာရှင် တစ်ချို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူစကားလုံးတွေက ထိမိနေလို့ အဆုံထိဖတ်ကြည့် ဖို့ မကြံပေးချင်ပါတယ်။

သူပြောခဲ့တာကတော့ “ စစ်အစိုးရခေတ်ကာလ(ခင်ဗျားတို့ပြောပြောနေတဲ့ အဘ ဘောမခေတ်)အမေစု အကျယ်ချုပ်ကလွတ်လာတော့ ကိုယ်တွေ သီချင်းဆိုပြီး ကြိုဆိုဂုဏ်ပြုပွဲမှာ အပီဟဲခဲ့တယ် ။ အဲ့အချိန်တုန်းက အခြား အမည်ကြီး အဆိုတော်အချို့နဲ့ သရုပ်ဆောင်အချို့ လုံးဝ မလာခဲ့ကြပါဘူး(အဖမ်းခံရမှာ ကြောက်ကြလို့) …နောက်တော့ မဲဆွယ် ရွေးကောက်ပွဲကာလ ရောက်လာခဲ့တယ်။ တစ်မျိုးသားလုံး တစ်နိုင်ငံလုံး အားတတ်သရော(ရုပ်ရှင်နှင့်ဂီတပါမကျန်) အမေစုအတွက် ဆန္ဒမဲထည့်လို့ အားပေးခဲ့ကြတယ် ခြိမ့်ခြိမ့်သဲပဲ ။ ကျွန်တော့်ကိုလဲ မဲဆွယ်ပွဲခေါ်ကြပါတယ် ၊ အနုပညာကြေးဘယ်လောက်နဲ့ ဆိုပေးနိုင်မလဲပေါ့ ၊ ကိုယ့်မှာလဲ အားတတ်သရောနဲ့ ဆယ်သိန်းပဲယူပါတယ် မဟုတ်လဲ သင့်တင့်လျောက်ပတ်သလိုသာပေးပါ ရပါတယ်ပြောလိုက်တယ်”

“ မဲဆွယ်ပွဲခေါ်တဲ့ သူတွေက သယော်တယ်ဗျ ကျွန်တော့်ကို ၊ ဟားး ကိုထူးအယ်လင်းက အဲ့သလို ယူမှာလား ဟို အဆိုတော် ဟိုအနုပညာရှင်တွေ အလကားဆိုပေးကြတယ်ဗျ ၊ အကိုက တစ်မျိုးပဲဗျ ဆိုပြီး ဖုန်းပြန်မဆက်ေ တာ့ပါဘူး ။ ကျွန်တော် စဉ်းစားမိတယ် အဲ့အချိန်တုန်းက အဘဘောမတွေက ခု ရွေးကောက်ပွဲမှာ အမေ့ထမိန်စဆွဲပြီး မျိုးချစ်စိတ်တွေ ထ ပြနေတော့ ကျွန်တော်အတွေး အမြင်မှာ အဆင်မပြေတော့ပါဘူး ။

အမေစုခေတ်ပဲ အောင်မြင်မှာပဲဟာကို သူတို့လိုလဲ သွား ဖါးယားမနေနိုင်ဘူး ကျွန်တော်လဲ နေပေါ့ကွာ မဆိုဘူးပေါ့ ။ ဒီလိုနဲ့ပဲ နောက်တစ်ရက်လောက်ကျတော့ ပြည်ခိုင်ဖြိုးအသင်းကနေ မဲဆွယ်ပွဲမှာဆိုပေးဖို့ ဖုန်းဆက်လာပ ါတယ် ၊ ဟဲလို ဟုတ်ကဲ့ ကိုထူးအယ်လင်း ကျွန်တော်တို့ ပွဲငှားချင်လို့ပါ ပြည်ခိုင်ဖြိုးပါတီကပါ တဲ့ ၊ အဲ့မှာ လှသိန်း နဲ့ စတွေ့တော့တာပဲ ၊ ကျွန်တော်လည်း ဆင်ဝှေ့ရန်ရှောင် သူတို့ငှားတဲ့ရက်မအားသေးလို့ပါ လို့ ငြင်းလိုက်ပါတယ်။ သူတို့ဘက်ကလည်း ဟုတ်ကဲ့ပါဗျ ဆိုပြီး ဖုန်းချသွားတာပေါ့ဗျာ ။ ဒါနဲ့ပဲ ကျွန်တော့်သူငယ်ချင်းကို တိုင်ပင်ကြည့်ဖြစ်တယ်”

“ဟျောင့် သယ်ရင်း ပြည်ခိုင်ဖြိုးပါတီက ငါ့ကို ပွဲငှားနေတယ် အစချီပြီး အခြေအနေတွေကို ပြောဆိုတိုင်ပင်ကြည့်တော့ သူငယ်ချင်ဖြစ်သူက ဟားးး မင်းကလဲ ဆိုလေကွာ ကြိုက်ဈေးတောင်းပြီးတော့ သူငယ်ချင်းက ပြောပါလေရော … အေး ငါ ဆိုမယ်ကွာ သူတို့ဘက်က အသဲအသန်ကို ဖြစ်နေတာ ဆိုပြီး အဲ့တုန်းက ကျွန်တော် ရှိုးတစ်ပွဲဆိုခ အနုပညာကြေး တစ်ဆယ့်ငါးသိန်းမှ နှစ်ဆယ်သိန်းထိယူရာမှ ပြည်ခိုင်ဖြိုးပါတီမှာဆိုရန် တစ်ပွဲကို သုံးဆယ့်ငါးသိန်းမှ လေးဆယ့်ငါးသိန်းထိ အနုပညာကြေး တိုးတောင်းပြီး ပြည်ခိုင်ဖြိုးခေါ်တဲ့ပွဲတွေ လိုက်ဆိုဖြစ်ပါတယ် (အခြားအနုပညာရှင်တွေလဲပါပါတယ်၊ ထားပါတော့မရေးပြောတော့ပါဘူး)”

“ အဲ့ဒိအချိန်မှာ အမေစုနိုင်မယ်မှန်းလဲသိတယ် ကိုယ်တိုင်လဲ NLD ပါတီကို မဲထည့်ခဲ့ပါတယ် ။ ဒါပေမယ့် အများက ဒါကို အားပေးနေတာ ကိုယ်က အားမပေးရကောင်းလားဆိုပြီး ဝိုင်းဆဲခံထိတဲ့အထိခံရတာ မိန်တော့ မိန်သား … ဟေ ဟေး အဲ့ဒိ ရွေးကောက်ပွဲပြီးတဲ့အချိန်က စလို့ ဒီနေ့ ဒီအချိန်ထိ နိုင်ငံရေးနဲ့ပတ်သက်ရင် လုံးဝ စိတ်မကူး မထိတွေ့ မပတ်သက်ချင်တော့ပါဘူး…ကျွန်တော် သဘောပေါက်တဲ့အတွေးက နိုင်ငံ့အရေးပဲ လုပ်တာကောင်းတယ် ဆိုတဲ့အသိ ရလာတယ်… ကျွန်တော် တတ်နိုင်သလောက် လူမှူရေး အလုပ်(ပရဟိတ) အလုပ်တွေ ဇောက်ချပြီး အလုပ်လုပ်ဖြစ်လာရပါတယ်”

“ နိုင်ငံရေးလုပ်တာက တကယ်တော့ တော်တော့်ကိုမွန်မြတ်တဲ့ ကိစ္စပဲ ၊မှန်မှန်ကန်ကန်လုပ်ရင် ကုသိုလ်အကြီးကြီးရမှာ မလွဲဧကန်ပဲ ဘာကြောင့်ဆို အများကောင်းကျိုးအကြီးကြီးမို့လို့လေ ။ နိုင်ငံရေး ဆိုတာက တကယ့်ကိုအကောင်းဆုံးပရဟိတအကြီးစားပဲလို့ ရေးမိရင်း မိုးခါးရေဆိုတာ ဘာလဲလို့ ကျွန်တော်တွေးမိပါတယ် …ကျွန်တော် အခုရေးထားတဲ့စာတွေထဲမှာ မဟုတ်မမှန် ရေးထားတာ တစ်ခုမှမပါဘူး ။ ကျွန်တော့်အဖြ စ်အပျက်တွေ အတိုချုံ့ရေးပြောလိုက်တာပါ ။ အမေစုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ့လို့ အကျဉ်းချုံးေ ရးမိတာပါ ။ အမှားပါခဲ့ရင်လဲ မတတ်နိုင်ဘူး ။ ကျေးဇူးတင်ပါတယ် ဖတ်ဖြစ်တဲ့ ပုဂ္ဂိုလ်များကို ?” လို့ ဆိုပြီး ရေးသား ဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့မိကြတဲ့ ပရိသတ်ကြီးရေ ထူးအယ်လင်းရေးသားထားတာကို ကြိုက်နှစ်သက်ရင် မျှဝေပေးသွားဖို့ မမေ့ပါနဲ့။

Source – Htoo El Linn

(Visited 492 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ