Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တင့်တင့်ထွန်းနဲ့ တူတယ်ဆိုတဲ့ ဝေဖန်မှုကို ဝမ်းသာပီတိ ဖြစ်မိတယ် ဆိုတဲ့ နေမင်း

သရုပ်ဆောင်နေမင်းဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကမှ သူ့ရဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ ပုံကို တင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ နောက်ပြောင်သူတွေ ၊ ဝေဖန်သူတွေ ရှိခဲ့သလို ခွဲစိတ်ပြီးနောက် ဘယ်လိုတွေကြည့်ကောင်းလာမလဲ ဆိုပြီး စိတ်ဝင်စားနေတဲ့ သူ့ရဲ့ပရိသတ်တွေလဲ ရှိပါတယ်။

အဲ့ဒီထဲကမှ သူ့ရဲ့ ခွဲစိတ်ထားပြီး ပတ်တီးနဲ့ ပုံကို အဆိုတော် သရုပ်ဆောင် တင့်တင့်ထွန်းဟု လှောင်ပြောင်ပြောဆိုကြတာတွေလဲရှိပါတယ်။ အဲ့ဒီလို လှောင်ပြောင်သူတွေကို သူတုန့်ပြန်လိုက်ပုံက ” ပြည်သူ့ အချစ်တော် အဆိုတော် သရုပ်ဆောင် တင့်တင့်ထွန်း တဲ့ ?? မည်သို့ပင်ဆိုစေကာမှု ခုလိုမျိုးလေး ကျွန်တော့် အတွက် ကို အကို အမ စသည့် များစွာ လူတွေရဲ့ စိတ်လေးထဲမှ အတွေး တစ်နေရာစားလေး ရှိခွင့်ရလိုက်တယ်ဆိုရုံ မျှ ဖြင့်ပင် ဝမ်းသာပီတိ နဲ့ အတူ ကျေးဇူးတင်ဝမ်းမြောက်မိသူပါကွယ်” ဆိုကာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် နေမင်းတစ်ယောက် မျက်နှာ အစိတ်အပိုင်း ခွဲစိတ် ပြုပြင်တယ်ဆိုရာ မှာ မေးရိုးခွဲစိတ်တာမျိုးမဟုတ်ဘဲ လည်ပင်း ကိုခွဲစိတ်ခဲ့တာဖြစ်ကြောင်း ကို ” ပရိတ်သတ်ကို ကိုယ့်အသံလေး ကြားစေချင်တဲ့ ဆန္ဒ နဲ့ လည်ပင်းလေးခွဲမိပါတယ်။ အပြောင်းတဲ့ ရုပ်ဆိုးကြီးကိုချက်ချင်း တွေပြောင်လဲလိုက်ကြတယ်နော်�” ဆိုပြီးလဲ ရေးသားထားပါသေးတယ်။

အဲ့ဒီနောက် သူခွဲစိတ်ပြုပြင်ခဲ့တယ် ဆိုတာ ကိုရီးယား နိုင်ငံမှာ သွားရောက်ခွဲစိတ်ခဲ့တာမဟုတ်ဘဲ ကိုရီးယားက ဆရာဝန်တွေက မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ Gangnam Medical Beauty Center မှာ လာရောက် ခွဲစိတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး နေမင်းက ” ကိုရီးယားမှာ သွားရောက်ပြီးခွဲစိတ်ခဲ့တာမဟုတ်ပါဘူးကွယ်။ ကိုရီးယားမှ ဆရာဝန်ကြီးတွေ လာရောက်ပြီး ကိုရီးယားနိုင်ငံ မှာ အတိုင်းဘဲ ခွဲစိတ်မှုကော ၊ ဝန်ဆောင်မှုကော ၊ ခွဲစိတ်ပြီးနောက်ပိုင်း တာဝန်ယူဆောင်ရွက်ပေးမှုကော အကုန်လုံး ကိုရီးယားနိုင်ငံ ရှိ Gangnam Medical Beauty Cener မှာ ထက် သာလွန်သောဂရုစိုက်မှုများကိုခံစားရရှိရ(ရရှိနေ)ပါသည် ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

နေမင်းတစ်ယောက် ဘယ်လိုတွေဆွဲဆောင်မှု ရှိလာမလဲဆိုတာ မကြာခင်မှာတော့ သိရှိရတော့မှာပါ။ ဖတ်ရှု့ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – nay min’s fb

(Visited 1565 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ