Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ညီမလေးဘက်ကနေ ရပ်တည်ပေးမယ်ဆိုတဲ့ ဘေဘီမောင်

မကြာသေးခင်ရက်ပိုင်းကမှ ပရိသတ်တွေမှာရော အနုပညာရှင်တွေကြားမှာပါ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ မော်ဒယ်၊သရုပ်ဆောင် သံစဥ်မောင်ရဲ့ ရည်စားဟောင်းဖြစ်သူ ထံမှာ အကြမ်းဖက်နှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး အမဖြစ်သူ ဘေဘီမောင်က ခုလိုဘဲပြောပြလာပါတယ်။ ညီမဖြစ်သူဘက်ကနေ အပြည့်အဝရပ်တည်ပေးမှာဖြစ်ပြီး နောက်ဆိုရင် ဒါကိုသင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်နေထိုင်ပါလို့ ဆိုပြီးပြောပြလာပါတယ်။

အဲ့ဒါကတော့ “ညီမလေး ဒါသင်ခန်းစာပဲ နောက်ဆို ဘာပဲလုပ်လုပ် မိသားစုနဲ့တိုင်ပင် မေကြီးကိုမပြောပြရင်တောင် ကိုယ့်အမကိုပြောပြ တစ်ယောက်တည်းကြိတ်ပြီးဘယ်တော့မှမဖြေရှင်းနဲ့ နင်အခုလိုဖြစ်လာတဲ့အပေါ်ငါတို့မိသားစု နင့်ဘက်ကမားမား မတ်မတ်ရပ်ပြီးနင့်ဘေးမှာရှိတယ် ဖိုက်တင်း ကျဲလေး❤️ ” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

သံစဥ်မောင်ဟာ သရုပ်ဆောင်၊ မင်းသားတစ်ယောက် နဲ့(၃)နှစ်တာ ချစ်ကြိုက်ခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ကြမယ်ဆိုကာ ယုံကြည်ခဲ့ပေမယ့် ချစ်သူဟောင်းရဲ့ လုပ်ရပ်တွေကို သည်းငြီး မခံနိုင်လို့ လမ်းခွဲ နောက်ဆုတ်ပြီး နေခဲ့တယ်။ စကားများတဲ့ အခါမျိုးမှာလည်း သူက လက်ပါခဲ့တယ်။ မိန်းခလေး တစ်ယောက်ကို သိက္ခာကျစေမယ့် အသုံးအနှုန်း နဲ့ ပုံတွေ Online မှာ ဖြန့်ခဲ့တာကိုတော့ လုံး၀ လက်မခံနိုင်ဘူး ဒါ့ကြောင့်တရားစွဲဆိုသွားမယ်လို့လဲ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

Snow(mcc)

(Visited 15795 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ