Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ညီမလေးကို လွမ်းလို့ အသည်းတွေကွဲနေပါပြီ ဆိုတဲ့ စောလားထော်ဝါး

Myanmar Idol Season 1 ရဲ့ ပရိသတ်အားပေးချစ်ခင်မှုနဲ့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ရှိခဲ့တဲ့ စောလားထော်ဝါး ဟာ နယ်ပွဲသီဆိုမှုတွေ ၊ သီချင်းအသစ်ဖန်တီးမှုတွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ စော်လားထော်ဝါးဟာ ယခုရက်ပိုင်းမှာတော့ အသည်းကွဲပြီး အလွန်ဝမ်းနည်းတဲ့ ခံစားမှုကို ခံစားနေရပါတယ်။ သူအသည်းကွဲရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ အသက်(၁၂)အရွယ်ရှိတဲ့ ညီမလေး သေဆုံးသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

သူ့ရဲ့ ခံစားချက်တွေကို ဒီလိုလေးတွေရေးသားခဲ့ပါတယ်။ ” ခရစ်တော်၌အိပ်ပျော်နေတဲ့ ကျွန်‌တော့်ရဲ့ညီမလေး💐💙😢 တစ်နေ့ ကောင်းကင်ရွှေပြည်မှာ ပြန်ဆုံမယ်ညီမလေးရေ ၊ အသည်းတွေ ကွဲနေပါပီ ညီမလေးရယ်😭” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ညီမဖြစ်သူရဲ့ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

သူ့ရဲ့ ညီမငယ်လေး ချင်းချင်း (ခ) နော်မေရီဖော ဟာ ၂၀၂၀ခုနှစ်၊ မတ်လ ၁၆ရက်နေ့က ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့် မတ်လ ၁၈ ရက်နေ့ တွင် စခန်းကြီးကျေးရွာ ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ်ပြီး ကြွင်းကျန်သောရုပ်ကလာဒ်ကို စခန်းကြီးသုဿန်သို့ ပို့ဆောင်သဂြိုလ်ခဲ့တာဘဲဖြစ်ပါတယ်။

ရုတ်တရက်ခွဲခွာသွားတဲ့ ညီမလေးကို သတိရပြီး အသည်းကွဲမတက် ဝမ်းနည်းပူဆွေးနေရတယ် ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ ထပ်တူထပ်မျှခံစားရပါတယ် စောလားထော်ဝါး ရေ။ ညီမလေးလဲ ကောင်းရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်။

Snow(mcc)
Source – saw lah htaw wah’sfb

(Visited 118779 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ