ညီတော်မောင် လာကန်တော့ လို့ ပျော်နေတဲ့ ဖွေးစိန်ရဲ့ ဖေဖေ

ပရိသတ်တွေကြားမှာ အရမ်းကို ချစ်သူခင်သူပေါများပြီးအနုပညာပိုင်းမှာလဲ ထူးချွန်သူတွေဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ဟာ တစ်ရက်ကြီးတစ်ရက်ငယ် ညီအမ ဝမ်းကွဲတွေပါ။ သူတို့ ညီအစ်မနှစ်ယောက်ဟာ အကယ်ဒမီတွေလဲရရှိပိုင်ဆိုင်ထားပြီး အသက် ၃၀ကျော် အပျိုကြီး ညီအစ်မတွေပါ။ အသက် ၃၀ကျော်တွေဖြစ်ပေမယ့် ၁၈နှစ်သမီးလေးတွေလို ဖျတ်လက်နုပျိုနေဆဲဖြစ်ပါတယ်။

ယနေ့မှာ တော့ သူတို့မိသားနှစ်စုရဲ့ကြည်နူးစရာ ပုံလေးတွေနဲ့ အတူ ” ‘’ကျွန်တော့်ရဲ့ညီတော်မောင်နဲ့ ချစ်တူမကစ်ကစ်၊ ကေးကေးတို့မိသားစုသီတင်းကျွတ်လာကန်တော့ကြတယ်ပေါ့’’ လို့ဆိုပြီး ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူက ကြည်ကြည်နူးနူး ရေးသားခဲ့ပါတယ်။

ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူနဲ့ ၀တ်မှုံရွှေရည် ရဲ့ဖခင်တို့ဟာ ညီအစ်ကို ဝမ်းကွဲတွေဖြစ်ပြီး ဖွေးဖွေးရဲ့ ဖခင်ကတော့ အကြီးပါ။ အဲ့လိုဘဲ ဖွေးဖွေး နဲ့ ဝတ်မှုံရွှေရည်တို့ ဟာ လဲ တစ်ရက်ကြီးတစ်ငယ်ညီအစ်မတွေဖြစ်ပြီး ဖွေးဖွေးကတော့တစ်ရက်ကြီးပါတယ်။

သူတို့ညီအစ်မနှစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေအဖြစ် ရပ်တည်နေပြီး ပရိသတ်အင်အားများစွာ ရရှိခဲ့တဲ့ အနုပညာ တွေကို မွေးထုတ်ပေးနိုင်တဲ့ ဖခင်တွေရဲ့ကြည်နူးစရာမြင်ကွင်းကို ပရိသတ်တွေ သဘောကြမယ်ထင်ပါတယ်။

Snow (mcc)
Source – မောင်ဦး’s fb

(Visited 6654 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ