Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ညို့ချက်ပြင်းတဲ့ အကြည့်တွေနဲ့ နေခြည်ဦး ရဲ့ အလှ

မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း လူသိများခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ Beauty Blogger တစ်ဖြစ်လဲ သရုပ်ဆောင် နေခြည်ဦးဟာ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေကို အကောင်းဆုံးသိမ်းပိုက်လာနိုင်ခဲ့ပါတယ်။ သူမဟာ Brand Ambassador အဖြစ် မြန်မာနိုင်ငံ ရဲ့ နာမည်ကြီး Brand တွေဖြစ်တဲ့ AIR KBZ ၊ vivo နဲ့ Rexona Myanmar တို့ က ခန့်အပ်ခြင်းကိုလဲ ခံထားရသူဖြစ်ပါတယ်။ ယုံကြည်မှုတွေနဲ့ အနုပညာလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီး အမိုက်စားဖက်ရှင်တွေကြောင့်လဲ သူမတူအောင် ထင်ရှားပေါ်လွင်နေသူတစ်ဦးဘဲ ဖြစ်ပါတယ်။

ချီချီဟာ ရုပ်ရှင်ကားကြီးတွေ များစွာလဲ ရိုက်ကူးနေရပြီး မကြာခင်မှာလဲ သူမပါဝင်ရိုက်ကူးထားတဲ့ ပုရိသ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ရုံတင်ပြသပြီးဖြစ်တဲ့ ရန်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားလုံးဟာလဲ ဒိတ်ဒိတ်ကြဲတွေနဲ့အတူ သရုပ်ဆောင်ထားတာဖြစ်လို့ အရမ်းကိုအောင်မြင်ခဲ့တာဘဲ ဖြစ်ပါတယ်။

နေခြည်ဦးက ဇူလိုင်လ ၂၇ရက်နေ့က ViVo ရဲ့ ဖုန်းအသစ်ဖြစ်တဲ့ ViVo S1ရဲ့မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာဘဲ ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်နဲ့ အကြမ်းစားအကြည့်စူးစူးတွေက ပရိသတ်တွေရဲ့ ရင်ထဲကို လှုပ်ခတ်သွားစေခဲ့တာဘဲ ဖြစ်ပါတယ်။


ဖတ်ရှု့ပေးကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nay Chi OO’s fb၊ Nay Min Tun

(Visited 198 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ