Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ညတွင်းချင်း အရေးပေါ် ခွဲစိတ်ကုသခဲ့ရတဲ့ ဘုန်းမင်းနေလ

ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်မင်းသားချောလေး ဘုန်းမင်းနေလဟာ အောက်တိုဘာလ ၄ရက်နေ့ညက ရွှေဂုံတိုင်ရှိ ssc ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရတဲ့အပြင် ညတွင်းချင်း ခွဲစိတ်မှုပါပြုလုပ်ခဲ့ရတယ် ဆိုတဲ့အကြောင်းကို မိခင်ဖြစ်သူ မင်းသမီးကြီး ခင်ဇာခြည်ကျော်က သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ည ၁၀ နာရီနဲ့ ၃၆မိနစ်ခန့်က ရေးသားခဲ့ပါတယ်။ သူမရေးသားခဲ့တာကတော့ ” သားသား အူ အတက် ပေါက် လို့… အခု လေး တင် ခွဲစိတ် ခန်း ဝင် သွားပြီ…!၄.၁၀.၂၀၁၉” လို့ဆိုပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ နောက် သူမက သူ့ပို့စ်ရဲ့ ကောမန့်မှာ သားရဲ့အခြေ အနေကို ရေးသားခဲ့ပါတယ်။ သူမက ” သားသားဗိုက် ထဲက အူ အတက် ပါ…! ခွဲ စိတ် ခန်း က အခု ထွက် ပါပြီ…စိတ်ပူ ပြီး ဆု တောင်း ပေး သူများ အားလုံး အထူး ကျေးဇူး ပါ ရှင်…🙏🏻🙏🏻🙏🏻” လို့ ဆိုပြီးရေးသားခဲ့ပါတယ်။

ဘုန်းမင်းနေလဟာ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားအဖြစ် ပရိသတ်တွေ သိရှိခဲ့ပြီးနောက် သူ့ရဲ့ရုပ်ရည်နဲ့ အမူအရာတွေကြောင့် ပရိသတ်အခိုင်အမာရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်ရဲ့အကယ်ဒမီ ဆုချီးမြှင့်ပွဲကြီးမှာ ရွှေကြိုအဖြစ်လဲပါဝင်ခဲ့ပါတယ်။

အဲ့ဒီ နောက်မှာတော့ MV တွေ၊ ဓာတ်ပုံရိုက်ကူးခြင်းတွေနဲ့ ကြော်ငြာတွေ စတဲ့အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပြီး စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ပြန်သွားခဲ့ပါတယ်။ ခုကျောင်းပိတ်ရက်မှာတော့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး ယခုအခါမှာတော့ အူအတက်ပေါက် ရောဂါကြောင့် SSC ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့လဲ သိရပါတယ်။

ဘုန်းမင်းနေလရဲ့ပရိသတ်ကြီးရေ မြန်မြန်နေပြန်ကောင်းဖို့အတွက် ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။

Snow(mcc)
Source – khinzar chi kyaw’s fb

(Visited 2699 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ