Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဇဏ်ခီ ပြောပြလာတဲ့ Covid -19 ပြဿနာ

မြန်မာနိုင်ငံရဲ့အနုပညာလောကကြီးကို လှုပ်ခက်စေခဲ့တဲ့ ခီမောင်နှံရယ် လို့ နာမည်ကြီးခဲ့ပြီး အကြည့်တွေနဲ့ ခန့်ညားတဲ့ ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ထားတဲ့အပြင် မိန်းမအပေါ်ချစ်တက်တဲ့ ပုံစံတွေကြောင့် အမျိုးသမီးတွေရဲ့ သဘောကျ ခြင်းကို ခံထားရတဲ့ ဇဏ်ခီ ကတော့ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ စာအရေးအသားလဲ အလွန်ကောင်းပါတယ်။ ယခုအခါမှာလဲ ကိုရိုနာနဲ့ ပတ်သက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ပြောပြလာပါတယ်။

သူပြောပြခဲ့တာကတော့ ” ခေါင်းလေးနည်းနည်းကိုက်ရင် ဟိုကောင်များလား..လည်ချောင်းလေးယားလာရင် ဟိုကောင်များလား..မလန်းမဆန်းဖြစ်လာရင် ဟိုကောင်များလား..အသက်ရှူလည်းနည်းနည်းကျပ်လာသလိုလို..နှာခေါင်းကလည်းခါတိုင်းထက်ပိုယားလာသလိုလို..မျက်နှာလည်းပိုကုပ်ချင်လာသလိုလို..”

“Covid ရဲ့အစွမ်း အံ့မခန်းပါပဲ..ကိုယ့်ကိုယ်ကိုလည်းသိပ်မယုံတော့သလို ဘေးပတ်ဝန်းကျင်ကိုလည်း သံသယတွေရှိလာစေတယ်။ ကျနော်မညာပါဘူး။ အားလုံးလိုပဲ စိုးရိမ်မှုတွေရှိတယ်။ ဘယ်လိုပဲရာခိုင်နှူန်းတွေကိုကြည့်ကြည့် ကိုယ့်အသက်အရွယ်နဲ့ကိုယ်ခန္ဒာကြံ့ခိုင်မှုအရ ကိုယ်ကိုယ်တိုင်ကူးစက်ခံရရင် သေနိုင်ခြေနည်းတာသိသည့်တိုင်အောင် စိုးရိမ်ရတာပါပဲ။ ပြီးတော့ ကိုယ့်မိသားစုဝင်တွေထဲကတစ်ယောက်ယောက်ဖြစ်သွားမှာ၊ မိတ်ဆွေတွေထဲကတစ်ယောက်ယောက်ဖြစ်သွားမှာကိုလည်း စိုးရိမ်နေမိတယ်။ စိုးလည်းစိုးရိမ်စရာပဲလေ။ သတင်းတွေအကုန်လုံးမှာ နေ့ရောညပါ ဒီvirus အကြောင်းချည်းပဲ။ တစ်သက်လုံးမကြားဖူးတဲ့ နိုင်ငံလုံးလိုက် lockdown လုပ်တာတွေ၊ လေကြောင်းတွေ ကျောင်းတွေ ဈေးဆိုင်ကြီးတွေရောအသေးတွေရော အကန့်အသတ်မရှိပိတ်တာတွေ။ မြန်မာပြည်မှာလည်း ပထမဦးဆုံးအကြိမ် သင်္ကြန်ကိုဖျက်သိမ်းလိုက်ကြပြီ။ (အရင်ဖျက်ဖူးတာရှိရင်လည်းထောက်ပြပေးပါ) *”

“ဆိုတော့ ဒါတွေဟာဘာကြောင့်လဲ။ ဘာတွေဖြစ်နေတာလဲ။ အဓိကက ဒီရောဂါကြောင့်လူသေနိုင်လို့။ ကုဖို့ဆေးမရှိသေးလို့။ ကုဖို့ဆေးမရှိတော့လူတွေကကြောက်ကြတယ်။ ဒါနဲ့ကျနော်လည်း အပြင်သိပ်မထွက်မယ့်အတူတူ ဟိုဖတ်ဒီဖတ် research လေးနည်းနည်းလုပ်ဖြစ်တယ်။ ဦးဆုံး World population နဲ့ daily death rate ကိုရှာကြည့်တယ်။ ဘာရယ်မဟုတ်ပါဘူး သာမာန်အားဖြင့်ဘယ်လိုအခြေအနေရှိသလဲသိချင်လို့ပါ။ ဘာတွေ့ရလဲဆိုတော့ တစ်ရက်ကိုအကြမ်းအားဖြင့် လူတစ်သိန်းခွဲလောက်သေတယ်။ တစ်စက္ကန့်မှာနှစ်ယောက်နှူန်းလောက်သေတယ်။ အသက်ရှူပြီးပြန်ထုတ်လိုက်တိုင်း လူသုံးလေးယောက်လောက်သေသွားပြီဆိုတဲ့သဘောပေါ့။ သေတာတော့သေနေကြတာပဲ။ ရောဂါအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့်”

” ဒါနဲ့ကမ္ဘာမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံးကပ်ရောဂါတွေအကြောင်းပြန်လှန်ကြည့်တော့ ပထမဦးဆုံးမှတ်တမ်းမှာရှိတာကတော့ Plague of Justinian. The first pandemic on the record. (နေရာဒေသတစ်ခုထဲမှာဖြစ်တယ်ဆိုရင် epidemic လို့ခေါ်ပြီး တစ်ခြားနေရာဒေသတွေ နိုင်ငံတွေကိုကူးဆက်သွားပြီဆိုရင်တော့ pandemic လို့ခေါ်ပါတယ်)။ Plague of Justinian ကအီဂျစ်ကနေစပြီး မြေထဲပင်လယ် ထိုမှတစ်ဆင့်ဥရောပအနောက်မြောက်ပိုင်းအထိကူးစက်ပြန့်ပွါးခဲ့တယ်။ နှစ်ပေါင်းနှစ်ရာလောက်အတွင်းမှာ လူ ၂၅သန်းလောက်အသက်ဆုံးရှူံးခဲ့တယ်။ ဒုတိယ နဲ့ လူ့သမိုင်းမှာလက်ရှိအချိန်အထိ အသေအပျောက်အများဆုံးကတော့ The Black Death (ခေါ်) The Black Plague.. ဥရောပဘက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၇၅သန်း ကနေ သန်း၁၀၀ ကျော် (တစ်ချို့ source ကပြောတာတော့ ၇၅သန်းကနေ သန်း၂၀၀) အထိအသက်ဆုံးရှူံးခဲ့ပါတယ်။ Eurasia မှာစပြီး ဥရောပမှာအဆိုးဆုံးအခြေအနေတွေအထိရောက်သွားခဲ့ပါတယ်။ ဥရောပလူဦးရေရဲ့ ၃၀-၆၀% လောက်လျော့နည်းသွားခဲ့ပြီး ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံလောက်လျော့နည်းသွားခဲ့ပါတယ်”

“The Black Death က ၁၃၄၇-၁၃၅၁ အတွင်းမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး နောက်ထပ်နှစ်သုံးရာအတွင်းမှာလည်းပြန်လည်ဖြစ်ပေါ်မှုတွေ အခေါက်ရေ ၂၀ မှ ၃၀ အထိရှိခဲ့ပါတယ်။ တစ်ခေါက်တစ်ခေါက်ပြန်ဖြစ်တိုင်းလည်း ပထမဆုံးတစ်ခေါက်လောက်မများပေမယ့် လူတွေသန်းနဲ့ချီပြီးအသက်ဆုံးရှူံးမှုတွေဆက်လက်ဖြစ်ပွါးခဲ့ပါတယ်။ (ဗဟုသုတအနေနဲ့ – သေခြင်းတရားနဲ့နေ့စဉ်ထိတွေ့မှုတွေများလာတဲ့အတွက် အဲ့ဒီ့ခေတ်ကအတွေးအခေါ်သမားတွေဟာနောင်ဘဝထက် လက်ရှိရှင်သန်နေရတဲ့ဘဝကိုပိုပြီးအာရုံစိုက်လာကြတယ်လို့ဆိုသလို Black Death ကြောင့် ဥရောပတစ်ခွင်က ဘုရားကျောင်းတွေ အဆောက်အဦးတွေထဲမှာ ဘာသာရေးနဲ့ပါတ်သတ်တဲ့နံရံပန်းချီကားကြီးတွေ တခန်းတနားပေါ်ထွက်လာခဲ့တယ်လို့လည်း ပြန်လည်ငြင်းဆိုကြပြန်တယ်။)”

” ဒီလိုကပ်ရောဂါတွေဖြစ်ပြီးတိုင်းဘာတွေ့ရသလဲဆိုတော့ ရေမြေသဘာဝတွေပြန်လည်စိမ်းလန်းစိုပြေလာတယ် (အခုတစ်ချို့ satellite image တွေမှာတွေ့ရသလိုပေါ့.. pollution တွေသိသိသာသာလျှော့နည်းသွားတယ်)။ လူတွေဘာသာရေးပိုပြီးလိုက်စားလာကြတယ်။ သို့သော် Black Plague ဖြစ်ပေါ်လာရခြင်းအတွက် အစိုးရ နဲ့ ဘာသာရေးခေါင်းဆောင်တွေက အဖြေမပေးနိုင်တဲ့အချိန်မှာတော့ လူတွေဟာလက်ညိုးထိုးချင်တာတွေထိုးကုန်ကြတယ်။ ဘယ်သူတွေအဓိကအစွပ်စွဲခံရလဲဆိုတော့ ဂျူးလူမျိုးတွေ။ ဂျူးတွေဟာလူတွေသုံးတဲ့ရေတွင်းတွေထဲမှာအဆိပ်ခတ်တယ်ဆိုပြီးတော့အစွပ်စွဲခံခဲ့ကြရတယ်”

” တစ်ချို့နေရာတွေမှာဆိုရင် ဂျူးတွေကိုအစုလိုက်အပြုံလိုက် ရွာလုံးကျွတ်သတ်ဖြတ်မှုတွေတောင်ဖြစ်ပွါးခဲ့ပါတယ်။ Strasbourg massacre of 1347 မှာဆိုရင် ဂျူးပေါင်းနှစ်ထောင်လောက်ဟာအသတ်ဖြတ်ခံခဲ့ရတယ်။ ဂျူးပြီးတော့ နိုင်ငံခြားသားတွေ (immigrants)၊ အနူတွေ (lepers) နဲ့ အရေပြားရောဂါရှိတဲ့သူတွေ။ သူတို့တွေလည်း ဥရောပတစ်ခွင်မှာသတ်ဖြတ်ခြင်းတွေခံခဲ့ရတယ်။ အခုချိန်မှာတော့ ဂျူးနေရာမှာ တရုတ် နဲ့ တရုတ်နှင့်တူသော အာရှတိုက်သားတွေပေါ့လေ။ တရားဥပဒေစိုးမိုးရေးတွေသာမရှိခဲ့ရင် ဘာတွေဖြစ်ကုန်မလဲဆိုတာမတွေးဝင့်စရာပါပဲ။ ဒါကြောင့်သမိုင်းကအရေးကြီးတယ်။ ဒီလိုဖြစ်ရင် ဒီလိုတွေဖြစ်တတ်တယ်ဆိုတာတွေ သမိုင်းစာမျက်နှာတွေမှာရှိပြီးသားဖြစ်နေတတ်တဲ့အတွက် problem solving လုပ်တဲ့နေရာမှာ သမိုင်းကို reference အမြဲပြန်လုပ်သင့်ပါတယ်”

” အပေါ်ကအဖြစ်အပျက်တွေက ပလိပ်ရောဂါတွေပါ။ အခုနောက်ပိုင်းမှာတော့ ပလိပ်ရောဂါတွေက မရှိသလောက်နည်းသွားပြီး viral infection (virus ကနေဖြစ်တဲ့) case တွေပိုများလာပါတယ်။ 1918 မှာဆိုရင် Spanish flu ဆိုတဲ့ H1 N1 ရဲ့အစမှာ လူပေါင်းသန်း ၂၀ ကနေ ၅၀ ကြားသေဆုံးခဲ့ကြတယ်။ တစ်ခြားသော viral infection တွေဖြစ်တဲ့ smallpox, measles, polio, HIV/AIDS, SARS, MERS, Ebola စတဲ့ကူးစက်ရောဂါတွေရဲ့ သက်ရောက်မှုတွေကြည့်မယ်ဆိုရင်လည်းအများကြီးပါပဲ။ Vaccine တွေမရှာမတွေ့ချင်းတော့ကြောက်နေကြရတာပါပဲ။ ဒါပေမယ့် ဒီများပြားလွန်းလှတဲ့ကူးစက်ရောဂါတွေရဲ့သမိုင်းကနေ ဘာသင်ခန်းစာယူလို့ရမလဲဆိုတာကိုကြည့်မယ်ဆိုရင် အဖြေက ယနေ့ကမ္ဘာအရပ်ရပ်မှာအစိုးရတွေစလုပ်နေကြတဲ့ epidemic ဖြစ်ပြီဆိုရင် “

” ရောဂါရဲ့သဘောသဘာဝတွေ အားနည်းချက် နဲ့ အားသာချက်တွေကိုသာမာန်လူတွေနားလည်အောင်ရှင်းပြခြင်းများ၊ hygiene (တစ်ကိုယ်ရေသန့်ရှင်းမှု) နဲ့ပတ်သက်တဲ့ education တွေပေးခြင်းများ (တော်တော်များကူးစက်ပြန့်ပွါးမှုတွေဟာ မသန့်ရှင်းမှုတွေကြောင့်အများကြီးပါတယ်ဆိုတာကိုတွေ့ရပါတယ်)၊ ပြီးတော့ အရင်ကမလုပ်နိုင်ခဲ့တဲ့ နိုင်ငံလိုက် lockdown လုပ်တာတွေ intercontinental and international commute တွေရပ်ဆိုင်းလိုက်တာတွေပါပဲ။
ကမ္ဘာနဲ့အဝှမ်းလုပ်ဆောင်မှုကြီးတွေက ရုတ်တရက်ကြည့်ရင်ကြောက်စရာကြီးတွေပါ။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်တွေဟာ သွေးရူးသွေးတန်းလျှောက်လုပ်နေကြတာမဟုတ်ပါဘူး။ အပေါ်ကပြောထားတဲ့သမိုင်းရဲ့သင်ခန်းစာတွေကိုကြည့်ပြီး သိပ္ပံပညာရှင်တွေ ဆရာဝန်တွေ ဘောဂဗေဓပညာရှင်တွေ policy makerတွေ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေပေါင်းပြီး အထိရောက်ဆုံးနည်းလမ်းတွေနဲ့ အသေအပျောက်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြတာပါ။ WHO က pandemic အဖြစ်နဲ့ အချိန်မစောင့်ဆိုင်းတော့ပဲ အတည်ပြုလိုက်တာဟာလည်း ကြောက်စိတ်တွေပြန့်ပွါးသွားစေပေမယ့် ရောဂါထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေအတွက်အထောက်အကူဖြစ်စေပါတယ်”

” ဒီ Covid-19 ကူးစက်ရောဂါဆက်ပြီး မကူးစက်ဖို့က လူတွေတစ်ယောက်နဲ့တစ်ယောက် မထိတွေ့လေလေ ပိုပြီးဖြစ်ဖို့ခဲယဉ်းလေလေပါပဲ။ ဒါကြောင့်လည်း တကယ်ဖြစ်နေတဲ့ Italy တို့ France တို့ UK တို့ US တို့လို့နေရာမျိုးတွေမှာ social distancing ဆိုပြီး အပြင်မထွက်မဖြစ်ထွက်ရတဲ့သူတွေကို တစ်ယောက်နဲ့တစ်ယောက် သိပ်မကပ်ကြပဲအကွာအဝေးတစ်ခုထားတာတွေ ကျင့်သုံးနေကြပါတယ်။ ဒီလို လူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ၊ အစိုးရဖက်က ပြတ်ပြတ်သားသား lockdown တွေ quarantine တွေလုပ်မှလည်းပဲ ပြန့်ပွါးမှုတွေကိုလျှော့နည်းစေပြီး vaccine ရှာနေတဲ့သူတွေလည်းအားရုံစူးစိုက်ပြီး မလိုအပ်တဲ့ pressure တွေမရှိပဲ ရှာလို့ရမှာဖြစ်သလို ဆေးဝန်ထမ်းတွေလည်း ဖိဖိစီးစီးလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။ ပြီးတော့ သမိုင်းမှာဖြစ်ခဲ့သလိုမျိုး ထိန်းမနိုင်သိမ်းမရ အဖြစ်မျိုးတွေနဲ့မကြုံတွေ့ကြရမှာပါ”

” ဝမ်းသာစရာတစ်ခုက ကမ္ဘာတစ်ဝှမ်းကအစိုးရတွေဟာ လူ့အသက်ကိုအရင်ကထက် ပိုပြီးတန်ဖိုးထားတတ်လာတာကိုတွေ့နေရပါတယ်။ နောက်တစ်ခုက Covid-19ရဲ့ကျေးဇူးကြောင့် လူတွေပိုပြီးတော့သန့်ရှင်းလာသလို ကျန်းမာရေးအသိတွေလည်းပိုတိုးလာပါတယ်။ အကြီးဆုံးအမြတ်ကတော့ လူသားမျိုးနွယ်စုကြီးဟာတကယ့်တကယ်ကပ်ဘေးနဲ့ကြုံလာတဲ့အချိန်မှာတော့ အသားအရေအရောင် လူမျိုးဘာသာတွေမရှိတော့ပဲ one nation ဖြစ်သွားပါတယ်” လို့ဆိုကာ သူသိခဲ့ဖူးတဲ့ ကပ်ရောဂါဆိုးတွေအကြောင်းကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ကျော်ကို ကူးဆက်ပျံ့နှံ့သွားပြီ ဖြစ်ပြီး လူပေါင်း ၅ထောင်နီးပါးသေဆုံးခဲ့ရတယ်လို့လဲ သိရပါတယ်။ ဒီရောဂါဟာ မြန်မာနိုင်ငံကိုတော့ ကူးစက်ပျံ့နှံ့လာခြင်းမရှိသေးပါဘူး ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီးနေထိုင်ကြဖို့ မမေ့ပါနဲ့နော်။

Snow(mcc)
Source – zenn kyi’sfb

(Visited 587 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ