Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဇင်သဲနိုင် နဲ့ ယောက်ခမတွေ ဆွေးနွေးနေကြတဲ့ ဗီဒီယိုဖိုင်

သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ရဲ့ ငွေကြေးအရှုပ်အရှင်းပြဿနာ ကို အလွယ်ကူဆုံးနည်းလမ်းနဲ့ ဖြေရှင်းလိုက်ပါတယ်။ မိဘများကို သူတို့နေအိပ်ခေါ်ကာ ဖြေရှင်းနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုတက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ပိုင်ဇေရဲထွန်းရဲ့ အကိုဖြစ်သူဆီက အကြောင်းအရာ တစ်ချိ့ကိုလဲ သူ့ရဲ့ဖေ့စ်ဘုတ် ကနေ သိရှိခဲ့ရပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ အကိုဖြစ်သူ ကျော်ဇေရဲထွန်း ရေးသားခဲ့တာကတော့ ” သတင်းစာရှင်းလဲပွဲမလုပ်ဖြစ်ဟုသိရ ဦးနှောက်နှလုံးသားများနဲ့ဆင်ခြင်သုံးသပ် ပေးကြပါရန် အပြုံးချိုချို အလှည့်အပတ်လေးများမြင်တွေ့ရဖွယ်ရှိ အဖေအမေခမျာမှာမျက်နှာလေးတွေထောက်ထားပြီးအိပ်ယာထဲလဲနေရာကနေကုန်းရုန်းထပြီးပါသွားရှာ။ သင်ပေး ထား သလိုပြောပေးရင်လဲကျန်တဲ့သားကြီးသမီးကြီးတွေစောဒကတက်စရာမရှိပါ။ ရှေ့လာမဲ့ရက်များမှာအမေအဖေကိုအဖက်လုပ်ကျွေးမွေးfb မှာတင်ပြီးအာရုံလဲှ့စားတာတွေလာမှာကိုလဲကြိုမြင် ”

အညှိးအတေးများပြေပါစေ ။ အတိတ်ဘဝဝဋ်ကျွေးရှိခဲ့လို့ပြန်ဆပ်နေရတယ်သဘောထားပြီးသားမို့ဆက်လက်တုန်လှုပ်စရာမရှိတော့လို့ဒီထက်မကအောင်မြင်ကြီးပွားတိုးတက်ချမ်းသာပါစေလို့ပဲဆုတောင်း အားမလိုအားမရဖြစ်ပေးကြသူများအားလုံးငရဲမယူကြပါရန်လေးစားစွာ ပန်ကြား အပ်ပါတယ် ” လို့ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ ရေးသားဖော်ပြထားပါတယ်။

ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင် တို့အိမ်ကို မိဘတွေသွားရောက်ခဲ့ကြပြီး စကားပြောနေကြတဲ့ ဗီဒီယိုဖိုင်လေးကို လဲဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ရပါသော ပရိသတ်ကြီးရေ ဖတ်ရှု့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Source -kyaw zay ye tun’sfb , hanasu’sfb

(Visited 11206 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ