Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆံပင်စတိုင်အသစ်လေးနဲ့ လိုက်ဖက်ညီစွာ ဖက်ရှင်ကြနေတဲ့ ဖွေးဖွေး

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင်ဖွေးဖွေးဟာ အသက်အရွယ်နဲ့ မလိုက်အောင်က်ိုနုဖက်ပြီး ချစ်စရာကောင်းနေသူပါ။ သူဟာ ဆံပင်ပုံစံကို ပြောင်းလဲ ရတာကို ကြိုက်နှစ်သက်သူဖြစ်လို့ အမြဲလိုလို သူမနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးကို ပြောင်းလဲလေ့ရှိပါတယ်။ ယခုအခါမှာတော့ ဆံရစ်ဝိုင်းလေးတွေရဲ့ ဆံပင်ပုံလေးကို ပြောင်းလဲထားပြီး သူမနဲ့ အတော်လေးကို လိုက်ဖက်ညီနေပါတယ်။

ဖွေးဖွေးဟာ ရွှေနန်းတော်ရဲ့ ကံစမ်းမဲ ပွဲတော်ကိုတက်ရောက်ခဲ့ပြီး ဆံပင်ဒီဇိုင်းအသစ်လေးနဲ့ ဖက်ရှင်ကျတဲ့ အဝတ်အစားတွေကြောင့် အများကြားမှာထူးခြားပြီးလှနေသူလဲဖြစ်ပါတယ်။ သူမက ကံထူးရှင်တွေအတွက် ကံကောင်းပြီး နောက်နှစ်တွေလဲ ကံထူးကြပါစေလို့ဆိုကာ ဆုတောင်းပေးထားပါတယ်။

အဲ့ဒါလေးကတော့ ” ရွှေနန်း​တော်ရဲ့ “၂၀၂၀”ခုနှစ် ​ရွှေဝယ်​ရွှေရ သိန်း ၃၀၀၀​ ကျော် ဖိုး ကံစမ်းမဲပွဲ​တော်မှာ ကံထူးသူများအတွက် အရမ်းဝမ်းသာ​ပျော်ရွှင် အားကျရတယ်! ​🤭🤗ဖွေးလဲကံစမ်းထားတာကိုးးး​​ရွှေနန်း​တော်မိသားစုနဲ့ ​ရွှေပွဲတက်လာ အနုပညာ ​​မောင်နှမများ ​ရွှေနန်း​တော်Customersများအားလုံး ​နောက်ထပ် ကံစမ်းမဲ​ပွဲ​တွေမှာလဲ ထပ်ကံစမ်း ဆုံ​တွေ့ကြရင်းချမ်း​မြေ့ကံ​ကောင်းပါ​စေ “လို့ ဆိုကာ ပွဲတက်ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ဖွေးဖွေးဟာ ၂၀၁၉ခုနှစ်အတွင်းမှာလဲ ရုပ်ရှင်ကားတွေများစွာရိုက်ကူးထားပြီး ၂၀၂၀မှာလဲ ထပ်မံရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဖွေးဟာ လက်ရှိမှာတော့ လက်ပံ၊ ကျွန်မနှင်းဆီပါမောင် ၊ ရွှေကြာစတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဘဲ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့အကယ်ဒမီအတွက်ရော သူမကို ရရှိမယ်လို့ ခန်ု့မှန်းကြသူတွေရှိလား ဘယ်ကားနဲ့ ရမယ်လို့ထင်ကြလဲ ပြောခဲ့ကြပါအုံးနော် ။

Snow(mcc)
Source – phway phway’s fb

(Visited 363 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ