Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆေးရုံပြောင်းရွှေ့ကာ ဆေးကုသမှုခံယူမှာဖြစ်တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း

ပရိသတ်တွေ ဘဝအမောတွေကိုပြေပျောက်စေဖို့အတွက် ဟာသတွေနဲ့ ပျော်ရွှင်မှုရသကို ပေးစွမ်းတဲ့ လူရွှင်တော်လဲ ဖြစ် ၊ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေနဲ့ ဟာသသရုပ်ဆောင်အဖြစ် လူကြိုက်များတဲ့ ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေကို ၂ကြိမ်တောင်ပြုလုပ်ခဲ့ရပါတယ်။ သူက ယနေ့ထိတော့ သတိမရသေးဘဲ ယနေ့မှာ ဆေးရုံပြောင်းခဲ့ရတယ်လို့လဲ သိရပါတယ်။

ဦးမန်းဝင်းဟာ ဇွန်လ ၁ရက်နေ့က ပထမဆုံးအကြိမ် ခွဲစိတ်ခဲ့ပြီး နောက် ” ဖေကြီး ICU အခန်းက ထွက်လို့ရပါပြီ ဒါပေမယ့် ပိုက် ဖြုတ်လို့ရမှ ဆေးရုံကဆင်းလို့ရပါမယ်တဲ့ နောက်ထပ် 3 ရက်လောက် ဆေးရုံမှာနေရဦးမယ်လို့ ဆရာ၀န်ကြီးများက သုံးသပ်ပါတယ်။ ခုလက်ရှိ ပင်လုံဆေးရုံမှာပဲ ခွဲစိတ်ထားတာပါ မနက်ဖြန် ကျောက်ကပ်ဆေးရမယ့်ရက်ကိုလည်း ပုံမှန်အတိုင်း ဆေးသွားမှာပါတဲ့ စိုးရိမ်ပူပန်ပြီး ဆုတောင်းပေးကြသူ လာရောက်ကြည့်ရှုကြသူ တစ်ယောက်ချင်းစီကို မိသားစုမှ ကျေးဇူးတင်ပါတယ် ” လို့ဆိုကာ ခွဲစိတ်ပြီးတဲ့ နေ့ကအခြေအနေကို အသိပေးထားပြီး

ခွဲစိတ်ပြီး ရက်အနည်းငယ် အကြာမှာတော့ ” ဦးနှောက်ခွဲစိတ်မှုအပြီး ‌2ရက်ခန့်အကြာမှာ အိပ်ပျော်ရင်းမှ နိုးမလာတာကြောင့် ဦးနှောက်ကိုဓါတ်မှန်ရိုက်ပါတယ်။ ဓါတ်မှန်ရဲ့အဖြေအရ ဆရာ၀န်ကြီးက ဦးနှောက်ထဲလေ၀င်နေတာကြောင့် ပြန်နိုးမလာခြင်းဖြစ်ပြီး လေကလည်း တဖြည်း ဖြည်းချင်း ထွက်သွားမှာပါတဲ့။ အချိန်အားဖြင့် ၂၁ ရက် (၃ ပတ် )‌ လောက်ကြာနိုင်ပါတယ်တဲ့။ အခြေအနေ တဖြည်း ဖြည်းတိုးတက်လာပြီး သတိလည်းပြန်ရကာ စကားလည်းပြန်ပြောနိုင်မှာပါတဲ့။ အိပ်ပျော်နေတာကြောင့် အစာနဲ့ဆေး မမြိုချနိုင်လို့ နှာခေါင်းမှပိုက်တပ်ထားရပါတယ်။ လက်ရှိမှာတော့ ပင်လုံဆေးရုံမှာပဲ ၂၁ ရက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်လို့ ဆိုပြီးလဲ ပြောပြထားပါသေးတယ်။

အဲ့ဒီနောက် ဇွန်လ ၉ရက်နေ့မှာတော့ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ရပြန်ပါတယ်။ အဆိုပါ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး “
ည 9နာရီမှာ ဖေကြီးကို ဒုတိယအကြိမ် ခွဲစိတ်နေပါတယ်။ ခွဲစိတ်မှုအောင်မြင်ပြီး အရင်လိုပြန်ကျန်းမာပါစေ” လို့ ဆိုကာ သမီးဖြစ်သူရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ယနေ့မနက်ပိုင်းမှာတော့ ဦးမန်းဝင်းဟာ ပင်လုံဆေးရုံကနေ မေဓာဝီ ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူတော့မှာ ဖြစ်ပြီး ဆေးရုံပြောင်းရွှေ့ခဲ့တယ်လို့လဲ သမီးဖြစ်သူ တင်ထားတဲ့ ဗီဒီယိုတွေအရ သိရပါတယ်။ ဦးမန်းဝင်းတစ်ယောက် အရင်လိုဘဲ ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းပေးခဲ့ကြပါအုံးနော် ။

Snow(mcc)

(Visited 1802 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ