Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆော်ကြည်တယ်ဆိုတာ ကိုယ့်ရဲ့အားနည်းချက် ဘဲလို့ ပြောလာတဲ့ ဖြိုးမြတ်အောင်

ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် ဖြိုးမြတ်အောင်ဟာ Myanmar Idol Season 3ရဲ့ Winner တစ်ယောက်ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှ စတင်ကာ ပရိသတ်တွေရရှိလာခဲ့ပြီး ယနေ့အချိန်ထိကို ဆက်တိုက်အောင်မြင်လာတဲ့ အနုပညာရှင်လို့ ပြောရမလိုပါဘဲ ။ သူဟာ မမသီချင်းနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အလုံးအရင်းနဲ့ သိမ်းပိုက်ခဲ့သူဖြစ်ပြီး မမတွေကတော့ ပိုပြီး ချစ်တာပေါ့နော်။ အဲ့လို အချစ်တွေ ကိုသိမ်းပုံထားသူဖြစ်နေတော့ သူဆော်ကြည်တယ်ဆိုတာကတော့ ပြောစရာမလိုလောက်ကိုပါဘဲ ။

အဲ့လိုဆော်ကြည်ဘဲလေးဖြစ်တာ သူ့ရဲ့အားနည်းချက်ပါလို့ ဆိုပြီး ဖြိုးမြတ်အောင်က “ မနာလိုတွေ မဖြစ်နဲ့ ဆော်ကြည်တာလည်းပဲ ကိုယ့်ရဲ့အားနည်းချက်တခုလိုပါပဲ ခင်မင်ရာအသိုင်းအဝိုင်း Cele တွေကြီးတလိုင်း တစ်စိတ်ကိုတစ်အိတ် မပြောပါကွယ် အလည်သွားဖို့အတွက် နောင်ဆုံးပေါ် Audi အလွန်ကြိုက် နှစ်သက်တဲ့ Jack Daniel’s ဝီစကီ နည်းနည်းတော့များနေမယ် ဒါပေမဲ့ဖြစ်ရပ်မှန်တစ်ခုပါကွယ်……..???” လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သူ့ သီချင်းထဲက စာသားတစ် ချို့ကို ရေးသားဖော်ပြထားခဲ့ပါတယ်။

ဖြိုးမြတ်အောင်က သီချင်းအသစ်တွေများစွာသီဆိုနေပြီး သူ့ရဲ့ သီချင်းတိုင်းကလဲ ပရိသတ်တွေအားပေးလက်ခံတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ သူဟာ သီချင်းတွေမှာတင် အောင်မြင်တာမဟုတ်ဘဲ ပရဟိတနဲ့ အလှူအတန်းတွေမှာလဲ အလွန်မှ ရက်ရောသူဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် မျှဝေသွားဖို့ မနေ့နဲ့နော်။

Source – Phyo Myat Aung’s fb page

(Visited 877 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ