Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆုမြတ်နိုးဦးတစ်ယောက် ကားတိုက်တာကို လိမ်ခဲ့တဲ့အကြောင်း ဖောက်သည်ပြန်ချနေတဲ့ ကျော်ကျော်

အနုပညာလောကမှာ အရမ်းခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ပြီး အမြဲ အလိုလို အတူတူရှိနေကြတဲ့ ဆုမြတ်နိုးဦး၊ ကျော်ကျော်နဲ့ ညီထွဋ်ခေါင် တို့သုံးရောက်ဘဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်က အစားအသောက်စားတဲ့ နေရာမှာလဲ အမြဲအတူရှိတက်သလို ကိစ္စတစ်ခုကြုံလာရင်လဲ အတူဖြေရှင်းလေ့ ရှိပြီး အချင်းချင်းစနောက်နေကြတဲ့ သူတွေလဲ ဖြစ်ပါတယ်။ ယခုအခါမှာလဲ လွန်ခဲ့တဲ့ ၂ပတ်လောက်က ဆုမြတ်နိုးဦး လက်ကျိုးသွားလို့ ခွဲစိတ်ကုသမှု ခံခဲ့ရတယ် ဆိုတဲ့ ဓာတ်ပုံတစ်ပုံကိုလဲ ကျော်ကျော်ကဘဲ တင်ပေးခဲ့ပါတယ်။

ယနေ့မှာတော့ ဆုမြတ်နိုးဦးနဲ့ ပတ်သက်ပြီး သူမက ဖောက်သည်ချလာပါပြီ။ သူမလက်ကျိုးခဲ့တာကတော့ ကားအက်စီးဒင့်ဖြစ်တာကြောင့် ဖြစ်တယ်လို့ လဲပြောပြလာပါတယ်။ သူစကားအစချီလာပုံကတော့ ” ကျနော် ဆုမြတ်နိုးဦးအကြောင်း ပြောပြရဦးမယ်..” လို့ဆိုပြီးဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ” ကားတိုက်မူဖြစ်ပီးတော့ ဆုမြတ်နိုးဦးရော..ကားပေါ်မှာသူနဲ့တူတူ ပါလာတဲ့သူငယ်ချင်းရော အခြေအနေသိပ်မကောင်းလို့ ဆေးရုံချက် ခြင်းပို့လိုက်တယ်..ဆေးရုံရဲ့ Emergency Ward ထဲရောက်တော့ ဆေးရုံရဲ့ကုတင်တွေပေါ်မှာ သူတို့်နှစ်ယောက်လှဲနေရတာပေါ့ အပြာရောင် လိုက်ကာလေးတွေပဲ သူတို့နှစ်ယောက်ကြားမှာ ခြားတယ်..”

” တာဝန်ကျတဲ့ ဆရာမတွေက ဘာဖြစ်တာလဲမေးတော့
ဆရာမကြီးဆုမြတ်နိုးဦးက ကားတိုက်လာတယ်ဆိုရင် သူတို့်ကို မကုပေးမှာစိုးလို့ ဆရာဝန်ကိုလိမ်လိုက်ပါတယ်..တံခါးညပ်တာ တဲ့ ?? အဲ့တစ်ချိန်တည်းမှာပဲ လိုက်ကာလေးပဲခြားနေတဲ့ ဆုမြတ်နိုးဦး သူငယ်ချင်းက ကြားသွားပီး ငါလည်း ဟိုကောင်မနဲ့တစ်လေသံ တည်းထွက်မှ ရမယ်ဆိုပီး ဆရာမကလာမေးတော့ ခပ်တည်တည်နဲ့ သမီးလည်းတံခါးနဲ့ညပ်မိတာပါဆရာမ တဲ့ ??”

” ဆရာမတွေက တွေးမှာပဲလေ ..သူတို့နှစ်ယောက်ပူးကြီး ဘယ်လိုတံခါးမျိုးညပ်မိတာလဲပေါ့ ?? မပြောသေးဘူး ဆရာဝန်နဲ့ဆရာမတွေက ကြည့်နေတယ်.. ဓာတ်မှန်ရိုက်လိုက်တော့ မြတ်နိုးက လက်ကျိုးနေတယ်.. သူ့သူငယ်ချင်းကတော့ ဘားမှမကျိုးပု..ဒါနဲ့ပဲ ဆရာမတွေက အော် သူတို့်တံခါးနဲ့ညပ်မိတာ ဖြစ်မှာပါလို့ တွေးရင်လဲ တွေးမှာပဲ..ဒါပေမယ့် နှစ်ယောက်လုံး ခဏနေကြတော့ ကားနဲ့စောင့်မိထားတဲ့ ဒဏ်တွေက အရမ်းနာလာပီး အညိုအမဲတွေ ရင်ဘတ်တွေ ခြေထောက်တွေ ပေါင်တွေမှာ ဖြစ်လာပီလေ..မခံနိုင်တော့ဘူး..နေရာစုံက နာလာပီဆိုတော့ မခံနိုင်တဲ့အဆုံး..”

”ဆရာမကြီးဆုမြတ်နိုးဦးက .. ဆရာမရယ် သမီးရင်ဘတ်တွေလဲ အရမ်းနာနေပီ မခံနိုင်တော့ဘူးလို့်ပြောရတော့တာပေါ့..အဲ့တော့မှတာဝန်ကျဆရာမကလဲ..သမီး ဒီပုံဆို သမီးတို့တွေ တံခါးညပ်တာတော့မဖြစ်လောက်ပုနော်..မလိမ်ပါနဲ့ သမီးတို့ကို ကုပေးမှာပါလို့ ပြောတော့မှ..??”

” ဟုတ်တယ်.. သမီးတို့ကား accident ဖြစ်လာတာပါ ဆရာမ ဟီးဆိုပြီး အမှန်အတိုင်းပြောတော့တယ်ဗျာ…??? ကဲ ဘယ်လောက်တောင်ရိုက်ချင်စရာကောင်းလဲ ???” လို့ဆိုပြီးဆုမြတ်နိုးဦးရဲ့ ဖြစ်ပုံကို ဖောက်သည်ချလာပါတော့တယ်။

ဒီအကြောင်းအရာလေးကို ဆုမြတ်နိုးဦးရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးတာဖြစ်ပါတယ်။ မျှဝေသွားဖို့မမေ့နဲ့နော်။

Source – Kyaw Kyaw ‘sfb

(Visited 4405 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ