Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆန်အိတ်လေးထမ်းကာ အိမ်ပေါက်စိ လိုက်ဝေနေတဲ့ နန်းဆုရတီစိုး

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့နန်းဆုရတီစိုးဟာ သူကိုချစ်တဲ့ပရိသတ်တွေအတွက် သူတက်နိုင်တဲ့ ဘက်ကနေ ကူညီမှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ ယခုလို covid -19 ကြောင့် အလုပ်တွေခက်ခဲကြပ်တည်းနေတဲ့ အထဲမှာ စိတ်သောကအများဆုံးဖြစ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ဆီနဲ့ လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတစ်ချို့ကို နန်းဆုက လိုက်လံလှူဒါန်းခဲ့ပါတယ်။

သူမ အလှူပြုခဲ့ကြောင်းကို ” Covid-19 ရောဂါဘေးကြောင့် Stay At Home ဆိုတဲ့ အခြေအနေမှာ မိသားစုဝမ်းရေးအတွက် ပူပန်နေရတဲ့ လက်တွေ့ဘဝထဲက အခြေခံဘဝတွေများစွာအတွက် Clean Yangon နဲ့တူတူ ဆန်,ဆီ,ဆား,ငါးသေတ္တာ,ပဲနှင့် ဆပ်ပြာဆီများ ကို ကိုယ်တတ်အားသလောက်သွားရောက်လှူဒါန်းခဲ့ပါတယ်.. ဒီလို နိုင်ငံနဲ့ချီပြီး အခက်အခဲကြုံတွေ့ရတဲ့ အခြေအနေမှာ မေတ္တာတရားကိုလက်ကိုင်ထားပြီး တတ်နိုင်သမျှ ကိုယ်စွန်းရှိသလောက် အချင်းချင်းလှူဒါန်းကူညီပေးကြဖို့ ဒီကနေ တိုက်တွန်းပါတယ်နော်.. “

” Clean Yangon Page ကနေတစ်ဆင့်Stay At Home နေရင်းနဲ့လည်း လှူဒါန်းလို့ရတယ်. နန်းဆုကတော့ အားလုံးကို information ပေးချင်တဲ့စိတ်ရယ် ဒီအခြေအနေမှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ သူများအကျိုးအတွက် ကြိုးစားနေကြတဲ့ ပရဟိတသမားတွေကို လေးစားလို့ ပူးပေါင်းပါဝင်ချင်တဲ့စိတ်ရယ် နန်းဆုကိုယ်တိုင်လာရောက်လှူဒါန်းလို့ စိုးရိမ်ပူပန်မှုဘဝအမောတွေ ခဏတာလေးဖြစ်ဖြစ် ပြေပျောက်သွားစေချင်တဲ့စိတ်ရယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့်” လို့ ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

နန်းဆုရတီစိုးဟာ လှိုင်သာယာမြို့နယ်မှာရှိတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ဝေငှပေးရလို့ ဝမ်းသာမဆုံးဖြစ်နေပါတယ်။ ပရိသတ်ကြီးချစ်တဲ့ နန်းဆုအတွက် သာဓုခေါ်ပေးကြပါအုံး။

Snow(mcc)
Source – Nan su yati soe’sfb

(Visited 1440 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ