Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဆင်ဆာကြောင့် ရိုက်ကူးရေးနားခဲ့ရတဲ့ The Virus ကို ပြန်ရိုက်ကူးချင်ပါတယ် ဆိုတဲ့ ညိုမင်းလွင်

ပရိသတ်တွေကို ဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့ ဆွဲဆောင်တက်တဲ့ ဒါရိုက်တာညိုမင်းလွင်ဟာ မကြာသေးခင်ကမှဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မြမြ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးအောင်မြင်ခဲ့ပါတယ်။ သူက ယခုအခါမှာလဲ ဗိုင်းရပ်စ်အချိန်အခါဖြစ်တာကြောင့် သူစိတ်ကူးပုံဖော်ထားတဲ့ ဗိုက်ရပ်စ်နဲ့ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကိုပြန်လည်ရိုက်ကူးခွင့် ရချင်တယ်ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ တောင်းဆိုလာပါတယ်။

အဲ့ဒါကတော့ ” 2008 ခုနှစ်ဒီဇင်ဘာလတုန်းက ခရေဖြူဗီဒီယိုထုတ်လုပ်ရေးကနေ The Virus ဆိုတဲ့ကားရိုက်ခဲ့ဖူးတယ်၊ ရန်ကုန်မြို့ပျက်သွားပြီးလူကိုးယောက်ပဲကျန်ခဲ့တဲ့ဇာတ်လမ်း…Will Smith ရဲ့ I Am Legend ထွက်ပြီးခါစ အရူးထခဲ့ကြတာပေါ့”

“ထွန်းထွန်း၊ခိုင်သင်းကြည်၊ဆန်းထွဋ်၊ဂျဲနီ၊ထက်လူနဲ့သရုပ်ဆောင်အသစ်တွေပါခဲ့ကြတယ်။ ညိုမင်းလွင်ရဲ့အောင်မြင်ချက်က ကားတောင်ရိုက်လို့မပြီးသေးဘူး၊ Eleven ဂျာနယ်နဲ့အလင်းတန်းဂျာနယ်တွေမှာရိုက်ကွင်းသတင်းပါလာတာနဲ့တင် ဆင်ဆာက ဆက်မရိုက်ဖို့လှမ်းတားတော့တာပဲ ပြောချင်တာက တိုက်ဆိုင်မှုတစ်ခုလို့ပဲဆိုရမလား…ကျွန်တော့်ဇာတ်လမ်းထဲက Virus က လက်ဆွဲနှုတ်ဆက်ရာကနေကူးတယ် တဲ့…”

” အခုနေဆင်ဆာသာခွင့်ပြုရင် လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်က တိုးလို့တန်းလန်းနဲ့ရပ်သွားခဲ့ရတာကိုနောက်တစ်ကြိမ်ပြန်ရိုက်ပြလိုက်ချင်ပါသေးတယ်။ p.s Tag လို့ရတဲ့သူတွေကို Tag ထားပါတယ်၊သရုပ်ဆောင်၊ထုတ်လုပ်သူများနဲ့တကွ Eleven က အယ်ဒီတာမလင်းလင်းခိုင်၊အလင်းတန်းဂျာနယ်ကမခင်လေးမြင့်၊ အထူးသဖြင့်အဲဒီတုန်းကဆင်ဆာလူကြီးများသက်သေခံပေးနိုင်ကြပါလိမ့်မယ်” လို့ ဆိုကာ ရေးသား တောင်းဆိုခဲ့ပါတယ်။

ဆန်းပြားတဲ့ ဇာတ်လမ်းတွေ၊ ဖန်တီးမှု အားကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ လက်ရာကို ပရိသတ်တွေက ယုံကြည်ကြမယ်ထင်ပါတယ်။ သူဖန်တီးခဲ့ဖူးတဲ့ ဗိုင်းရပ်စ်ကားကို ကြည်ရှု့အားပေးကြဖို့မမေ့ပါနဲ့နော်။ အမြန်ဆုံး ပြန်လည်ဖန်တီးခွင့်ရပါစေလို့လဲ ဆုတောင်းပါတယ်။

Snow(mcc)

(Visited 338 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ