Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စေ့စပ်ထားတဲ့ သူမရှိသေးပါဘူးလို့ ဆိုလာတဲ့ ဝင်းဝါပန်းမြတ်သူ

အမျိုးသားပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ရက်ပိုင်းအတွင်းရခဲ့တဲ့ မင်းသမီးကြီး အန်တီ ဝါဝါဝင်းရွှေရဲ့ မြေးမလေးဖြစ်တဲ့ ဝင်းဝါပန်းမြတ်သူ ဟာ သူမနဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတစ်ချို့ကို ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ သူမနဲ့ပတ်သက်ပြီး အားပေးဝန်းရံကြတဲ့ ပရိသတ်တွေ များပြားလာခဲ့သလို သူမနဲ့ ပတ်သက်တဲ့ အချစ်ရေးကောလဟာလတွေကလဲ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

ထွက်ရှိခဲ့တဲ့ ကောလဟာလတွေကတော့ သူမမှာ ချစ်သူရည်းစားရှိပြီး၊ စေ့စပ်ထားတဲ့ အိမ်ထောင်ဖက်လည်းရှိနေပြီဆိုတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။ သူမကတော့ ဒီကောလဟာလတွေနဲ့ပတ်သက်ပြီး သူ့မှာစေ့စပ်ထားတာလဲ မရှိပါဘူး၊ ပုံတွေက သူငယ်ချင်းတွေနဲ့ရိုက်ထားတာပါလို့ ဆယ်လီရပ်ကွက်ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

အန်တီ ဝါဝါဝင်းရွှေဟာ သူမရဲ့ချစ်လှစွာသောမြေးမလေးနှစ်ယောက်ကို မီဒီယာရဲ့ အင်တာဗျူးမှာ ချပြခဲ့ပြီးနောက် ချစ်စရာအရမ်းကောင်းတဲ့ ၁၅နှစ်သူ ရှိသေးတဲ့ အငယ်ဆုံး မြေးမလေး ဝင်းဝါပန်းမြတ်သူ လေးကို အားပေးဝန်းရံတဲ့ သူတွေက တော်တော်လေးကိုများပြားခဲ့တာလဲ ဖြစ်ပါတယ်။

ဝင်းဝါလေးဟာ အသက် ၁၅နှစ်တာရှိပြီး ကျောင်းကိစ္စတွေ ပြီးစီးတဲ့အခါ မှာတော့ အနုပညာအလုပ်တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။ လက်ရှိမှာတော့ ကောလဟာလတွေကို ဖြေရှင်းလိုက်တဲ့ အတွက် ပရိသတ်တွေက ဝင်းဝါလေးကိုပိုချစ်နေကြပါပြီ။

သူမက နောက်ပိုင်းအနုပညာအလုပ်တွေ လုပ်ဆောင်လာဖို့လည်း ရှိပါတယ်။ဖတ်ရှုပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1773 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ