Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုးရန်အောင် နဲ့ သက်သခင် တို့ရဲ့ သားဦးလေးက ယောကျာ်းလေးပါတဲ့

သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင် တို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း ၂နှစ်ပြည့်ချိန်မှာတော့ ရင်သွေးလေးရရှိလာပြီဖြစ်ပါတယ်။ သူတို့ရဲ့ ရင်သွေးလေးဟာ သားသားလေးလား မီးမီးလေးလားဆိုတာကို သူ့တို့ရဲ့မိသားစုနဲ့ ချစ်တဲ့မိတ်ဆွေသူငယ်ချင်းတွေကနေ Surprise ပွဲလေးလုပ်ပြီး ကြေညာပေးခဲ့ကာ သားလေးကို ကိုယ်ဝန်လွယ်ထားရတာလို့ သိရပါတယ်။

အဲ့ဒီ result ကို သက်သခင်က ” It’s A Boy!အဖေနဲ့အမေ အရမ်းလိုချင်နေတဲ့မြေးဦး ယောကျာ်းလေးပေးခွင့်ရလို့အရမ်းကြည်နူးရပါတယ် Resultသိသိရက်နဲ့မိန်းကလေးလို့ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပီး Suprise Cakeလှလှလေးမေတ္တာဖြင့်စီစဉ်ပေးတဲ့ Ma Yamin Soe Suprise Ballလှလှလေးတွေမေတ္တာဖြင့်စီစဉ်ပေးတဲ့ Ma M Jar Aung(Things 4U)Resultကိုသိတဲ့အချိန်ထဲလုံးဝမပြောဘဲ “

” သမီးနဲ့တူတူရင်ခုန်ပီးSuprise လုပ်ဖို့စီစဉ်ပေးတဲ့ Ma Dee De(Sandra D)ယောကျာ်းလေးရပါစေဆိုပီးဝိုင်းဆုတောင်းပေးကြတဲ့ အမျိုးတွေအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ် ယောကျာ်းလိုချင်တဲ့ သားလေးပေးနိုင်ခဲ့ပြီ ဗိုက်စကြီးတဲ့အချိန်ထဲက သက်သခင်နဲ့ထပ်တူပျော်ပေး ရင်ခုန်ပေးတဲ့ ချစ် Hsu Myat Noe Ooကျေးဇူးပါ” လို့ ဆိုကာ သူပျော်ရွှင်နေရတဲ့ အကြောင်းအရင်းလေးကို ပြောပြခဲ့ပါတယ်။

ပထမဆုံး ကိုယ်ဝန်ဟာ သားလေးဖြစ်လို့ ပျော်နေကြတဲ့ စိုးရန်အောင် နဲ့ သက်သခင်တို့ရဲ့ ချစ်ပရိသတ်ကြီးကပါ ကြည်နူးပျော်ရွှင်နိုင်စေဖို့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1046 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ