Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုးမြတ်နန္ဒာရဲ့ အသက် ၄၀ပြည့်မွေးနေ့မှာ အမေဖြစ်သူရဲ့ ဆုတောင်းစကား

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီ မင်းသမီးချော စိုးမြတ်နန္ဒာ ဟာ ယနေ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့ မှာတော့ သူ့ရဲ့ အသက် ၄၀ တိတိပြည့် တဲ့ မွေးနေ့ဘဲဖြစ်ပါတယ်။ ဒီမွေးနေ့မှာတော့ မိခင်ဖြစ်သူက ငယ်ငယ် က သူမရဲ့ ပုံစံလေးတွေကိုပြောပြခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ ” အချစ်ဆုံးသမီးထွေးငယ်❤️ ဒီဇင်ဘာလ ၁၅ ရက် ဒီကနေ့ မနက်နှစ်နာရီမှာ ကိုးပေါင်(၄) အောင်စ ရှိတဲ့ဒီသမီးငယ်လေးဟာ ဖေဖေ မေမေတို့ဆီရောက်လာတယ်။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ မွေးတဲ့ဒီကလေးဟာ မွေးမွေးချင်းမျက်လုံးတွေဖွင့်ကြည့်တယ်။ လက်မကိုပါးစပ်ထဲထိုးထည့်ထားတယ်”

“တကယ့်ကိုထူးဆန်းတဲ့မြင်ကွင်းလေးကို မေမေမှတ်မိနေတယ်။ မွေးစကရုပ်ဆိုးဆိုးသမီးငယ်လေးဟာ အရွယ်ရောက်တော့ အရပ် ၅ပေ ၈ လက္မရှိတဲ့ အရပ်အမောင်းနဲ့အတူ မော်ဒယ်လောက ခေတ်ဦးမှာ နာမည်ကြီးလာခဲ့တယ်”

“အစ်မရဲ့သရုပ်ဆောင်မှုလောင်းရိပ်အောက်က တဘာသာခွဲထွက်ပြီးရုပ်ရှင်မင်းသမီးဖြစ်လာတယ်။ အကယ်ဒမီထူးချွန်ဆုနှစ်ဆုရတယ်။ ဒါတွေဟာမျှော်မှန်းမထားတဲ့ ဘဝအိပ်မက် ထဲကဆုလဘ်ရတနာတချို့ပါ။ အိမ်မှာအအေးဆုံးသမီးငယ်…စိတ်ထားဖြူစင်ရိုးသားသလောက် ဘာဖြစ်ဖြစ် စိတ်ထဲမှာကြိတ်ခံစားတတ် တဲ့သမီးငယ်..”

“စိတ်ကြီးသလောက် မှန်တယ်ထင်ရင် နောက်မဆုတ်တတ်တဲ့သမီးငယ်….အရာရာကိုသည်းခံပြီးအားနာလွန်းတတ်တဲ့ သမီးငယ်လေးရေ😘 ယနေ့ကျရောက်တဲ့မွေးနေ့ကစပြီး ရာသက်ပန်သမီးချစ်တဲ့ မိသားစုနဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ၊ အခက်အခဲဟူသမျှရင်ဆိုင်ရင်း ဘာသာ သာသနာအကျိုးသည်ပိုးနိုင်ပါစေကွယ်။ သမီးကိုသိပ်ချစ်တဲ့ သားလေးမြတ်သောမောင် ဖေဖေ မေမေ မကြီး မလေး ကိုကြီး တူမလေးခေတ်သခင် စိုးမိသားစု❤️❤️” လို့ဆိုကာရေးသာပါတယ်။

ဖတ်ရူပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 17273 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ