Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုးနိုင်ကို မုန်းရင် စိုးနိုင်လိုမလုပ်ကြပါနဲ့လို့ ပြောလာတဲ့ နက္ခတ်

ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို များစွာရရှိထားတဲ့ ” ကျွန်တော် အမုန်းဆုံး ကျွန်တော် ” ရုပ်သံဇာတ်လမ်းတွဲဟာ ယခုအချိန်မှာတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အဆိုပါ ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး လူမုန်းခံထားရတဲ့ သရုပ်ဆောင် နက္ခတ် က ပရိသတ်ကို အမှာစကားပါးခဲ့ပါတယ်။

သူပြောခဲ့တာက ” “ကျွန်တော် အမုန်းဆုံး ကျွန်တော် “ဇာတ်လမ်းတွဲလေး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ “စိုးနိုင်”ဆိုတဲ့ ဇာတ်ကောင်ကို ပရိတ်သတ် မုန်းရတာ ပင်ပန်းသွားပီနဲ့တူတယ် ပထမဆုံးအနေနဲ”့ စိုးနိုင်”ဆိုတဲ့ဇာတ်ကောင်ကို ကျနော့်ကို ပုံဖော်ခွင့်ပေးခဲ့တဲ့ ဆရာကြီး လယ်တွင်းသားစောချစ် ဆရာကိုလှဖြိုး၊ ဒါရိုက်တာ ကို ကြည်မင်းထွန်း တို့ကို အထူးဘဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ”

” ForeverGroup မှတာဝန်ရှိသူများ Foreveroulala production မှတာဝန်ရှိသူများTalent Center မှ တာဝန်ရှိသူများနှင့်ဇာတ်ညွှန်း,ကင်မရာ,Audio,Crew, မိတ်ကပ်,Stylishs များနှင့် တည်းဖြတ်များပါဝင်ပေးကြသောအနုပညာရှင် အတက်ပညာရှင်များ ၊ ကျနော် အမုန်းဆုံးကျနော် အဖွဲ့သားများအားလုံးနဲ့ အနုပညာ ညီအကို မောင်နှမ အားလုံးနဲ့”

” “စိုးနိုင်”ဆိုတဲ့ ဇာတ်ကောင်ကို သေချာ ဝေဖန်ပေးတဲ့ ပြည်တွင်းပြည်ပ မှ ချစ်တဲ့ ပရိတ်သတ်ကြီးအားလုံးကို ကျနော် သရုပ်ဆောင် “နက္ခတ်”မှ အထူးကျေးဇူးတင်ပါတယ်ခင် ဗျာ “ စိုးနိုင်”ကိုမုန်းတယ် ဆိုရင် “စိုးနိုင် “လို သစ္စာမမဲ့အောင် စိတ်ကိုအလိုမလိုက်မိအောင် ကိုယ်ရဲ့ စိတ်ကိုအပြည့်အဝ ထိန်းချုပ်နိုင်ပါစေ”

“တခြားမတူညီတဲ့ ဇာတ်ကောင်တွေနဲ့ ပရိတ်သတ် ဆီကို ထပ်လာခဲ့ပါဦးမယ်။ မနက်ဖြန်”ကျွန်တော် အမုန်းဆုံး ကျွန်တော်” Behind the scene လေးကြည့်လိုက်ဦးနော်။ ကျနော်ချစ်တဲ့အနုပညာသရုပ်ဆောင် အလုပ်အတွက် ချစ်တဲ့ပရိတ်သတ် အတွက် အမြဲတမ်း ကြိုးစားနေပါတယ် “နက္ခတ်”” လို့ဆိုကာရေးသားခဲ့ပါတယ်။

သရုပ်ဆောင် နက္ခတ်ဟာ MRTV 4ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေဖြစ်လာခဲ့ပါပြီ။ သူက အနုပညာလုပ်သက်နုသေးသော်လည်း ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ခုလိုအောင်မြင်မှုတွေရရှိလာသလို ရုပ်ရှင်ကားကြီး ရိုက်ကူးနိုင်ခဲ့ရင်လဲ အကယ်ဒမီတောင်ရနိုင်တယ်လို့ ပရိသတ်တွေကထင်ကြေးပေးနေကြပါတယ်။

Snow(mcc)

(Visited 3848 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ