Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုးစန္ဒာ ကတော့ စိုးဆိုတဲ့ နာမည်နဲ့လိုက်အောင် တော်တော်ဆိုးနေပြီနော်

ပရိသတ်တွေရဲ့ အချစ်တော်အဖြစ် mrtv4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ သရုပ်ဆောင် ခြူးလေးဟာ ယခုအခါမှာတော့ လူဆိုးမလေးအဖြစ် တွေ့မြင်လာရမှာပါ။ သူမကို ထာဝရမန္တလေး ရုပ်ရှင်ဇာတ်ကားမှ ငွေရည်နှင်းစက် ဆိုတဲ့ ကောင်မလေး အဖြစ်နဲ့ ပရိသတ်တွေ စသိခဲ့ကြတာဖြစ်ပါတယ်။

ထာဝရမန္တလေး ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ငွေရည်နှင်းစက်၊ ပန်းနုသွေး(2) ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ခြူးရွှေလီ၊ Happy Beach(2) မှာ နုနုငယ်၊ ကံ ကံ၏အကျိူး မှာ ရှုမဝ၊ လူရည်ချွန် မှာ ငွေနှင်းဖြူ၊ ကံကံ၏အကျိူး မှာ ချစ်ချစ်စိုး ၊ ပို၍လှသောမနက်ဖြန် မှ မနက်ဖြန်၊ ပဉ္စလက်ရွာ မှာ စိမ်းဝါ၊ လူကိုကစားသောဂိမ်း မှာ မေညချမ်း ၊ ရသမော်ကွန်းအလင်္ကာ မှာ အလင်္ကာ၊
ရွှေဖူးစာဆုံရာမြေ မှာ ချိူချိူချစ်၊ ချစ်ရပါသောနွေ မှာ ချစ်နွေ အဖြစ်နာမည်ကြီးခဲ့ပြီး ယခုပြသနေတဲ့ နွေလယ်ညရဲ့လမင်း ရုပ်ရှင် ဇာတ်လမ်း တွဲမှာတော့ လူဆိုးမလေး စိုးစန္ဒာ အဖြစ် ပါဝင် ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ခြူးလေးက စိုး ဆိုတဲ့ မိန်းမဆိုးလေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပြီး သူမဟာ ယောကျာ်းကိုလဲ ဂရုမစိုက်သလို နှလုံးရောဂါသည် ယောက်ခမဖြစ်သူကိုလဲ သေစေလောက်တဲ့ အထိ ဘယ်လို စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့လဲ ဆိုတာကို ချစ်တဲ့ပရိသတ်တွေက မနက်ဖြန်မှာ စောင့်မျှော်ကြညိ့ရူ့ကြပါအုံးနော်။

သဏ္ဍန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့ အပြောအဆို ၊ ဟန်ပန်တွေကတော့ ပရိသတ်တွေဖမ်းစားနိုင်ခဲ့တာအမှန်ပါဘဲ။ ဒီနှစ်ရဲ့ star awards ဆုချီးမြှင့်ပွဲမှာ ထူးချွန်ဆုတစ်ခုကို ရရှိနိုင်မှာဖြစ်တယ်လို့ ပရိသတ်တွေ က ယုံကြည်နေကြတာလဲဖြစ်ပါတယ်။

Snow mcc)

(Visited 5197 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ