Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုင်းစိုင်း ရဲ့ ပိတောက်ကတဲ့ ဂီတရုပ်ရှင်ဇာတ်ကားကြီးကို အရမ်းတွေစိတ်ဝင်စားနေပါတယ်ဆိုတဲ့ ယုန်လေး

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ရဲ့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းရဲ့ ပရိသတ်တွေသာမက အနုပညာရှင် ညီအစ်ကိုမောင်နှ မတွေကပါ စိတ်ဝင်စားနေကြပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ နမူနာ ဗီဒီယို နဲ့တင်ပရိသတ်အများစုရဲ့ အားပေးဝန်းရံခြင်းကို ရရှိနေတာလဲ ဖြစ်ပါတယ်။

အဲ့လိုအားပေးဝန်ရံတဲ့ သူတွေထဲမှာ အဆိုတော်ယုန်လေးကလဲ တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ပါတယ်။ အဆိုတော်ယုန်လေးက စိုင်းစိုင်းရဲ့ ရုပ်ရှုင်ကားကြီးပတ်သက်ပြီး “ ကျွန်တော်တို့ ဂီတ အသင်းက ကျွန်တော်တို့ ထက်ငယ်တဲ့ ဂိုးသမားလေး စိုင်းရဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင် မတ်လ ၅ ရက်နေ့ရုံတင်ပါပြီ သင်္ကြန် အကြို . သင်္ကြန်အငွေ့အသက်တွေ နဲ့ ဘယ်လိုတွေ Ro ထားမလဲ ဆိုတာ အခုထဲက စိတ်ဝင်စားနေပါပြီ” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သူကြိုက်တဲ့ဇာတ်ဝင်ခန်းထဲက ဒိုင်ယာလော့ တစ်ချို့ကိုလဲပြောပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ “ မင်းက X လည်း မဟုတ်ဘူး Y လည်း မဟုတ်ဘူး Z မင်းနောက်မှာ ဘယ်သူမှ ထပ်မရှိတော့ဘူး” ဆိုတဲ့ စာသားလေးကိုရေးသားရင်း Congratulation Ko Sai” လို့ ဆိုကာ ဂုဏ်ပြုလိုက်ပါတယ်။

အဆိုပါ ပိတောက်ကတဲ့ ဂီတရုပ်ရှင်ဇာတ်ကားကြီးကို ကျော်သူ၊ ဇင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ချိုပြုံး၊ စိုးမြတ်သူ ဇာ၊ မေသဉ္ဖာဦး ၊ အေးမြတ်သူ နဲ့ ပိုးမမှီသာတို့က ပါဝင်သရုပ်ဆောင် ထားကြပြီး ၂၀၂၀ခုနှစ် မတ်လ ၅ရက် နေ့မှာတော့ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးက အားပေးကြဖို့ အဆင်သင့်ဖြစ်နြေ ကပြီမဟုတ်လား။

Snow(mcc)
Source – yone lay’sfb

(Visited 574 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ