စိုင်းစိုင်းနဲ့ ကစ်ကစ် တို့ကို သိချစ်ကြတဲ့ ချစ်သူတွေအဖြစ် ၂၀၂၀ မှာတွေမြင်ရအုံးမှာပါနော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ အကယ်ဒမီ သရုပ်ဆောင် ဝတ်မှုံရွှေရည်တို့ဟာ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင် မောင်နှမနှစ်ဦးဘဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ တစ်ချိန်က ဇာတ်လမ်းလေးတွေရှိခဲ့ပေမယ့် ယခုချိန်မှာတော့ အောင်မြင်မှုကိုယ်စီနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ လူပျိုကြီး၊အပျိုကြီး တွေလို့ ဆိုရမှာပါ။

သူတို့နှစ်ယောက်ဟာ မြန်မာရုပ်ရှင်လောကမှာ ပရိသတ်အင်အားအရမ်းကိုတောင့်တင်းတဲ့ အနုပညာရှင် နှစ်ဦးဖြစ်လို ပရိသတ်တွေက လိုက်ဖက်ညီတဲ့ သူတို့နှစ်ယောက်ကို သဘောတူနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ကြော်ငြာတွေကိုလဲ လိုက်ဖက်ညီစွာရိုက်ကူးလာကြသိလို G Shot ရဲ့ Brand Ambassador တွေအဖြစ်လဲခန့်အပ်ခြင်းခံထားရတာလဲဖြစ်ပါတယ်။

စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ဟာ ရုပ်ရှင်ကားတွေလဲ များစွာရိုက်ကူးခဲ့ရသလို ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားတွေလဲရှိသလို ထပ်မံရုံတင်ပြသတော့ မယ့် ရုပ်ရှင်ကားတွေလဲ ရှိနေပါသေးတယ်။ အဲ့ဒီကားတွေထဲမှာ မှ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့မယ်ဆိုလျှင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဘဲဖြစ်ပါတယ် ။

အဆိုပါ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ပုညခင် ရဲ့ နာမည်ကြီး ၀တ္ထုတစ်ပုဒ်ဖြစ်ပြီး ကြိုက်နှစ်သက်သူများပြားခဲ့ပါတယ်။ ဒီလို​ကျော်ကြားတဲ့ ၀တ္ထုကို ဘယ်လိုအသက်ဝင်အောင်ရိုက်ကူးထားလဲဆိုတာကတော့ စိတ်ဝင်စားစရာပါနော်။

ချစ်ပရိသတ်ကြီးလဲ ဒီရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသဖြစ်တဲ့အခါ အားပေးဝန်းရံကြဖို့မမေ့ပါနဲ့နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – Kaung Zan’sfb

(Visited 1395 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ