Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိုင်းစိုင်းခမ်းလှိုင် ကို တောင်းပန်လိုက်ရတဲ့ သက္ကမိုးညို

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ထိပ်ဆုံးကရပ်တည်နေတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၅ကြိမ်မြောက် မွေးနေ့ ဖျော်ဖြေပွဲကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ယခုနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ် ကြောင့် မွေးနေ့ပွဲကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုဖော်ပြထားတဲ့ နာမည်ကြီး မီဒီယာတစ်ခုရဲ့ အောက်မှာ စိုင်းစိုင်း နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို သက္ကမိုးညိုက ရေးသားခဲ့မိတာကြောင့် ပြန်လည်တောင်းပြန်ခဲ့ရပါတယ်။

စိုင်းစိုင်း ကိုပြန်တောင်းခဲ့ပုံကတော့ ” ဒီတခါတော့ ဘစိုင်းကို တောင်းပန်ရမှာပဲ။ အစက ပြန်ပြောရင် V case မတိုင်ခင်ကတည်းက သူ့ဖန်တွေ ထိုင်ကလိလာတာ ကြာပေါ့။ (ကျနော့် မိတ်ဆွေတွေ သိပါတယ်၊ သူ့ဖန် အဘွားကြီးတွေနဲ့ ဆို ခင်တောင်နေပြီ)”

“အာ့နဲ့ 7day အောက်မှာ သွားကလိတာ ကျွံသွားတယ်။ တခါက အဲလို ဂရုလုပ်မယ် ဖတ်ဖူးလို့ ရမ်းတုတ်မိတာ။ ဘစိုင်း ပြန်ရေးမှ ငါတော့ လွန်သွားပြီလို့။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားရမယ်။ ကိုယ်က စချင်ဇောနဲ့ လူမုန်းအောင်နေမိသလို ဖြစ်ဖြစ်သွားတာ။ ပြန်စဉ်းစားမှ V case မှာသာ အဲလို သတိလက်လွတ် ကျွံရင် သေပြီပဲ”

” ဒါကြောင့် စိုင်းစိုင်းခမ်းလှိုင်လည်း တောင်းပန်ပါတယ်လို့ 🙏🙏🙏နောက်ဆို ကိုယ်မသိတာတွေ မပြောဖို့ ကြိုးစားပါ့မယ်။ ကိုယ်သေချာသိတဲ့ အဘ အသက်ကိစ္စပဲ ပြောတော့မယ် 🙄🙄🙄” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ တောင်းပန်စာရေးသားခဲ့ပါတယ်။

စိုင်းစိုင်း ရဲ့ ချစ်ပရိသတ်တွေအနေနဲ့ တောင်းပန်စာကို ဖတ်ရှု့ပြီးကျေနပ်ကြမယ်ထင်ပါတယ်။ ဆဲဆိုတာတွေမလုပ်တော့ဘဲ နားလည်ပေးလိုက်ကြရအောင် နော်။

Snow(mcc)
Source – သက္ကမိုးညို

(Visited 6876 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ