Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိန် ၁၆ပွင့်ပါတဲ့ ပန်းစည်းလေး လက်ဆောင်ရတဲ့ အလှမယ် ဟန်နီချို

ကမ္ဘာ့အလှဆုံး အိမ်ထောင်ရှင် အလှမယ်ဆုကို မြန်မာကိုယ်စားပြုအနေဖြင့် ရရှိခဲ့တဲ့ အလှမယ် ဟန်နီချိုဟာ ယနေ့မှာတော့ သူမရဲ့ ခင်ပွန်းဆီကနေ စိန်ပွင့်တွေပါတဲ့ ပန်းစည်းတစ်စည်းကို မင်္ဂလာသက်တမ်း ၁၆နှစ်ပြည့်အဖြစ် ယနေ့ချစ်သူများနေ့မှာ လက်ဆောင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့လို လက်ဆောင်ရခဲ့တဲ့ အကြောင်းကို ဟန်နီချိုက ခုလိုဘဲပြောပြခဲ့ပါတယ်။

သူမပြောပြခဲ့တာကတော့ ” အိမ်ထောင်သက် 16 နှစ်မို့ 16 ပွင့်ပါ စိန်ပန်းစီး 😍နှစ်တိုင်း မမေ့ဘဲ အမှတ်တရ နဲ့ ပေးတာရော အချစ် တွေမလျော့ဘဲ တိုး၍ တိုး၍ ချစ်ပေးတာရော အရာအားလုံးအတွက် ကျေးဇူးပါ ချစ်သူ 😘😘😘” လို့ဆိုပြီး ပြောပြခဲ့ပါတယ်။

ဟန်နီချိုကတော့ မကြာသေးမီက မှ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mrs Universe ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ရှင်အလှမယ်ပွဲကြီးကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်အနေနှင့် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Mrs Universe (2019) Winner ဆုကြီးကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Winner ဆုတစ်ခုထဲမဟုတ်ဘဲ နဲ့ Mrs Talent Winner, Mrs Personality Winner,Four Beauty Season Sponsored awards Winner စတဲ့ ဆုကြီးတွေကိုလဲ ရရှိခဲ့သူဖြစ်ပါတယ်။

snow(mcc)
Source – Honey cho’sfb

(Visited 1829 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ