Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိန်နန်းတော်ရဲ့ မန္တလေးပွဲကိုလိုက်ဖက်ညီစွာ တွဲတက်လာတဲ့ နေတိုးနဲ့ ချစ်သုဝေ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး၊ မင်းသားတွေဖြစ်တဲ့ နေတိုးနဲ့ ချစ်သုဝေတို့ဟာ ယနေ့ မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စိန်နန်းတော်ရဲ့ အထူးဈေးရောင်းပွဲတော်ကို တက်ရောက်ခဲ့ကြတာဘဲဖြစ်ပါတယ်။ အဆိုပါပွဲကို သက်မွန်မြင့် ပါအတူ တွဲတက်ရမှာ ဖြစ်ပေမယ့် နေမကောင်းသေးတာကြောင့် မတက်ရောက်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လိုက်ဖက်ညီလှတဲ့ ပုံရိပ်တွေကို ချစ်သုဝေက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာရေးသားဖော်ပြခဲ့ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါဘဲနော်။ နှစ်စဉ် အကယ်ဒမီ စာရင်းဝင်ရုပ်ရှင်ကားများစွာကို ဇာတ်ရုပ်ပေါင်းများစွာ သရုပ်ဆောင်ပြီး ဖန်တီးပုံဖော်လေ့ရှိပါတယ်။ ယခုနှစ်မှာလဲ အကယ်ဒမီ မှန်းလို့ရနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ အကယ်ဒမီ ပေးပွဲစင်မြင့်ထက်မှာ နေတိုးကို တွေကမြင်နိုင်အုံးမလားဆိုတာကိုတော့ ပရိသတ်တွေ အရမ်းကို မျှော်လင့်နေကြတာဘဲဖြစ်ပါတယ်။

အလားတူ ချစ်သုဝေကလဲ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းမှာပါ အောင်မြင်သူဖြစ်ပြီး ယနေ့အချိန်အထိ ချစ်ခင်တဲ့ ပရိသတ်တွေကြားမှာ အောင်မြင်နေဆဲဘဲဖြစ်ပါတယ်။ သူမကတော့အမွှာလေးနှစ်ယောက်နဲ့အတူ သုံးယောက်စာ အောင်မြင်မှုတွေ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ချစ်သုဝေကိုချစ်တဲ့ ပရိသတ်ကြီးရော ၊နေတိုးကိုချစ်တဲ့ သူတွေအတွက်ပါ သူတို့ ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဖတ်ရှု့ကြတဲ့ ပရိသတ်တွေက သူတို့ကိုချစ်ရင် မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။

Source – Chit Thu Wai’sfb, စိန်နန်းတော် ,forever

(Visited 921 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ