Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိတ်မချဖြစ်နေတဲ့ ဒေါင်း နဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကစ်ကစ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး

လတ်တစ်လော လူငယ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုများနေတဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးထဲက ကြည်နူးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေးတစ်ချို့ကို ထုတ်လွှင့်ပြသလာပါတယ်။ အဲ့ဇာတ်ဝင်ခန်းလေးမှာ အရမ်းကိုချစ်ပြီး ချစ်သူလေးကို စိတ်မချဖြစ်နေတဲ့ ဒီလှိုင်း နဲ့ လွတ်လပ်ပေါ့ပါးပြီး အေးအေးချမ်းချမ်းနေတက်တဲ့ မိုးနှောင်းတို့ရဲ့ ကြည်နူးစရာဇာတ်ဝင်ခန်းလေးက ဒီရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှု့ဖို့ တွန်းအားတစ်ခုဖြစ်နေစေမှာပါ။

သူတို့ရဲ့ သရုပ်ဆောင်မှုလေးတွေက တကယ့်အပြင်ကလက်တွေ့လောထဲမှာဖြစ်ပျက်နေတဲ့ ချစ်သူစုံတွဲတွေနဲ့ တူညီမှုရှိသလို ခံစားမိပါတယ်။ ပရိသတ်ကြီးရောအဲ့လိုခံစားမိရဲ့လား ။ဒီလိုသဝန်တိုပြီး သဲသဲလှုပ်ချစ်တဲ့ ချစ်သူမျိုး ရှိနေပြီလားဆိုတာကို ပြောပြပေးခဲ့ကြပါဦး။ ပရိသတ်တွေကလဲချစ်သလို တစ်ချို့သော ဖန်တွေကတောင် လိုက်ဖက်လွန်းလွန်းလို့ သဘောတူခြင်းခံနေရတဲ့ ဒေါင်းနဲ့ ကစ်ကစ်တို့ရဲ့ သရုပ်ဆောင်ပုံလေးတွေကတကယ့်ကို အသက်ဝင်နေပါတယ်။ ဒေါင်းကတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ ကစ်ကစ်ကို တကယ့်စိတ်ထဲကနေ အရမ်းချစ်ခဲ့တယ်လို့ ဖြေဆိုဖူးပါတယ်။

ကစ်နဲ့ဒေါင်းတို့ဟာ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီး မှာ စတင်ဆုံဖြစ်ခဲ့ကြပြီး ဒီဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒုတိယမြောက်တွေ့ဆုံကြခြင်းဖြစ်ပါတယ်။ အဲ့ဒီနောက် ကြော်ငြာတွေမှာ သူတို့နှစ်ယောက်ကို တွေ့မြင်နေရပြီး မကြာခင်မှာ ရိုက်ကူးတော့ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ သူတို့နှစ်ယောက် ရဲ့ ထပ်မံသရုပ်ဆောင်မှုတွေကို တွေ့မြင်ရအုံးမှာ ဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးရေ ကျေးဇူးအထူးတင်ရှိပါတယ်နော်။ ဒဏ္ဍာရီမိုးရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းလေးကိုလဲ တင်ဆက်ပေးထား တာဖြစ်လို့ ခံစားချက်ခြင်းထပ်တူကြရင် မျှဝေပေးသွားပါဦးနော်။ ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကား’s fbpage

(Visited 6833 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ