Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စိတ်ဒဏ်ရာတွေများပြီး ဆေးရုံရောက်သွားတဲ့ ဇာဇာထက်

Sexy ဓါတ်ပုံ မော်ဒယ်အဖြစ် အောင်မြင်မှုတစ်ခုရရှိနေတဲ့ ဇာဇာထက်ဟာ ခုတစ်လောမှာ အချစ်ရေး အဆင်မပြေတာကြောင့် အသည်းကွဲနေတယ်လို့ သိရပါတယ်။ သူမတင်ထားတဲ့ စတေးတပ်တွေ က သူမအချစ်ကြောင့် ခံစားနေရတယ်ဆိုတာကို ပေါ်လွင်နေပါတယ်။ ဒါ့အပြင် မီဒီယာတွေရဲ့ အင်တာဗျုးတွေမှာလဲ သူမအလုပ်တစ်ခုကြောင့် ချစ်သူနဲ့ ပြဿနာတက်ကာ လမ်းခွဲလိုက်ရတယ်ဆိုတာတွေလဲ သိထားရပါတယ်။

သူမဟာ ဧပြီလ ၂၉ရက်ညမှာတော့ စိတ်သောကများတဲ့ ဒဏ်တွေကြောင့် အဖျားကြီးကာ သျှင်ပါရဂူ ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့လဲ သိရပါတယ်။ သူမ ယခုလိုဖြစ်ရတဲ့ ပြဿနာဟာ အားနာတဲ့ စိတ်ကြောင့်ဖြစ်ရတာဖြစ်ပြီး သူမကို ချစ်သူနဲ့ ပြတ်ဆဲပြီးပြီ ဆိုတဲ့ကိစ္စကိုအကောင့်အတုတွေနဲ့ လိုက်လံခြိမ်းခြောက်မှုတွေရှိနေတာကြောင့်လဲ သိရပါတယ်။ အဆိုပါ ဆေးရုံရောက်တယ်ဆိုတဲ့ သတင်းမထွက်ခင်က သူမဗီဒီဖိုင်လေးတစ်ခုနဲ့ အတူ စာတစ်ချို့ရေးသားထားခဲ့ပါတယ်။

“ ကျွန်မရဲ့ကိုယ်စိတ်နှလုံးသုံးစလုံး နာကျင်စေသောသူများအား ယခုချိန်မှစပြီးကျွန်မဘဝထဲကအပြီးတိုင်ထုတ်လိုက်ပါပြီရှင်” “ မေတ္တာပဲထားလိုက်တော့တယ် ဘာလို့လဲဆိုတော့ မေတ္တာဆူးပြီးရူးသွားအောင်လို့ပါ မှတ်ထားသူများ အပေါ်အမြတ်ထုတ်တာ ဘယ်လောက်ခံမလဲပဲ ကိုယ်ကြည့်နေတော့မယ် ကိုယ်ကို အမြတ်ထုတ်လို့ unfriလဲမလုပ်ထားပါဘူး၊

ကျွန်မရင်ထဲမှာဘာမှလဲမရှိတော့ပါဘူး၊ ကျွန်မအကြောင်းကိုမသိတဲ့လူတွေဆဲပေမဲ့ တချို့တွေကဂရုဏှာ ဒေါသောနဲ့ဆဲတာကျွန်မနားလည်ပါတယ်။ ကျွန်မအခုလိုနေနိုင်အောင်ကျွန်မ စိတ်ဓာတ်ကို သိနေကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ သူငယ်ချင်းတွေကmessenger ကနေအားပေးစကား လာပြောကြလို့ ပျော်မိတယ်။ အားတွေရှိလာတယ် ၊ ဆက်ပြီးရပ်တည်လာနိုင်တယ်” လို့ ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးရော ဇာဇာထက်အတွက် နေအမြန်ကောင်းဖို့ရဲ့ စိတ်သောကတွေက အမြန်ဆုံးကင်းဝေစေဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Zarzarhtet’s fb
Snowpiki(MCC)

(Visited 1975 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ