Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စာဖတ်ဝါသနာပါတဲ့ ဗီးဗီးလေးက သူမထက်တော်တယ်ဆိုတဲ့ အေသင်ချိုဆွေ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုတစ်ခဲနက် ရရှိထားတဲ့ အဆိုတော်မလေးအေသင်ချိုဆွေဟာ သူမရဲ့ တစ်ဦးတည်းသောသမီးလေး ဗီးဗီး ကို သူမလို မဆိုးစေချင်ဘူး ။ လိမ္မာတဲ့သမီးလေးဖြစ်စချင်တယ်လို့ဆိုကာ ပြောပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ ၂နှစ်အရွယ်သမီးလေးက အရွယ်နဲ့မလိုက်အောင်ကို စာဖတ်ဝါသနာပါသူလေးဖြစ်နေကြောင်းကိုပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” မေမေက လည်း မေမေ့ တာဝန်တွေကို ကျေပွန်အောင် လုပ်မယ်။ ဗီးဗီးကလည်း ဗီးဗီး တာဝန်ကို ဗီးဗီးကျေရမယ်နော်။ တကယ်ပါ အမေထက်လိမ္မာတဲ့ သမီးလေးပါ။ အမေကိုတွေ့တာနဲ့ လက်ကလေးဆွဲပြီး စာအုပ်တွေကို လက်ညိုးထိုးပြတယ်။ ဖတ်ခိုင်းတယ်။ သူ့ဘာသာလဲဖတ်တယ် ”

” အမေကိုတွေ့နေရရင်သာ နည်းနည်းဂျီချင်တာ (တကယ်တော့ ကပ်ချွဲတာပေါ့) အမေမရှိလဲ အားလုံးနဲ့လိုက်လျော ညီထွေ နေတတ်တဲ့ မေမေ့သမီးလေး Love you so much ❤️❤️ စာအုပ်တွေလက်ဆောင်ထည့်ပေးလိုက်တဲ့ Teacher snow Amy Snow နဲ့ Third Story Children Books ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ” လို့ဆိုပြီး စာအုပ်လက်ဆောင်ပေးသူတွေကိုလဲ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

အေသင်ဟာ သမီးလေးရဲ့အနာဂတ်အတွက် သူသာအမ၊ သူသာ အဖ ဆိုတဲ့ single mom အဖြစ် ကြိုးစားရပ်တည်ပေးသွားမှာဖြစ်ပြီး လတ်တလောမှာလဲ သီချင်းတွေပြန်လုပ်နေတာကို တွေ့မြင်ရပါတယ်။

အေသင်နဲ့ ဗီးဗီးလေးကိုချစ်တဲ့ ပရိသတ်တွေအတွက် ဗီးလေးရဲ့ ချစ်စရာကောင်းတဲ့ စာဖတ်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ချစ်ပရိသတ်တွေက မျှဝေသွားဖို့မမေ့ပါနဲ့။

Snow (mcc)
Source – athen cho swe’s

(Visited 359 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ