Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စတုဒီသာ အလှူလုပ်ရင်း ပရိသတ်တွေနဲ့ ထမင်းလက်စုံစားခဲ့တဲ့ အကယ်ဒမီအေးမြတ်သူ

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေထဲမှာ အေးမြတ်သူတစ်ယောက်က ထိပ်ဆုံးကပါဝင်နေပါတယ်။ သူမဟာ မာန်မာနမရှိဘဲ ရိုးသားပွင့်လင်းတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ ပရဟိတလုပ်ငန်းတွေမှာလဲ အားသွန်ခွန်စိုက် လုပ်ဆောင်တက်သလို အလှူအတန်းတွေလဲ ရက်ရောလှပါပေတယ်။ သူမဟာ ဧပြီလ ၁ရက်နေ့က လဲ တကယ့်ကို အလှူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။

အကယ်ဒမီအေးမြတ်သူက ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်(၇၁)ရပ်ကွက်မှာ စတုဒီသာ အလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူမဟာ သူမရဲ့အလှူမှာ ပရိသတ်တွေနဲ့အတူ ထမင်းလက်စုံစားခဲ့ပြီး သူမရဲ့ အလှူပြုနေတဲ့ ပုံရိပ်တွေက တကယ့်ကိုကြည်နူးစရာကောင်းလှပါတယ် ။သူမဟာ ၂၀၁၈ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ လဲ အမျိုးသမီး ဇာတ်ပို့ဆုကို နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

အေးမြတ်သူကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူမအလှူပြုနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်တွေကလဲ သာဓုခေါ်သွားပေးကြဦးလို့။

Snowpiki(MCC)

(Visited 2263 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ