Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

“စဉ်းစားပြီး ဆဲကြပါ” လို့ တောင်းဆိုလိုက်တဲ့ ဆောင်းဦးလှိုင်

ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားတဲ့ အဆိုတော်ဆောင်းဦးလှိုင်ဟာ သီချင်းအေးအေးလေးတွေနဲ့ ကျော်ကြားခဲ့သူဖြစ်ပြီး ယနေ့အချိန်ထိ လဲ သူ့ရဲ့သီချင်းတွေက အောင်မြင်နေဆဲဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ဟာ သူ့ရဲ့ပရိသတ်တွေကို အမြဲလိုလို မှတ်သားစရာ စကားလေးတွေ ပြောပြနေတက်ပြီး ယခုအခါမှာလဲ စဥ်းစားပြီး ဆဲကြပါလို့ ဆိုကာ မှတ်သားစရာတစ်ချို့ကို ရေးသားလာပါတယ်။

အဲ့ဒါကတော့ ” အနီအသင်းလော်ဘီများ ထောက်ခံအားပေးသူများသည် သူတို့သဘောမတွေ့သူများ သဘောမကျသည့်အခါများတွင်ကျောင်းသားကိုဆဲသည်။ တိုင်းရင်းသားများကို ရန်တွေ့သည်။ ဘာသာခြားများကိုမာန်မဲသည်။ အနီလူဟောင်းများနှင့်ပင် မခေါ်မပြောနိုင်လမ်းခွဲကြသည်။ ၂၀၂၀ နှစ်ထဲရောက်လို့ Januaryလကုန်ခါနီး….”

“ဘုံရန်သူက ပျော်နေလောက်ပြီ။ ဒို့လူတွေက ကွဲကောင်းတုန်း။တခါ ကကျွန်တော့်လော်ဘီဘဝတွင် နိုင်ငံရေးပါတီဟူသည် မဲများများလိုသည့်အတွက်ခေါင်းမာလှသည့်ကျွန်တော့်မှာ သာကူးများအနီအသင်းကိုအားပေးကြတော့မည်ဆို သောကြောင့် မကြိုက်သော်လည်း အလုပ်တူတူလုပ်ခဲ့ရဖူးသည်”

“အလွန်ခါးသောအတွေ့အကြုံ။ အာဏာရှင်တွေ သူတို့တပည့်တွေမဲရှုံးတော့ နည်းနည်းခံသာခဲ့သည်။ အနီလော်ဘီများ အနီမှအနီဆိုသူများခင်ဗျာကြည့်ဆဲပါ။ရန်ကြည့်ဖြစ်ပါ။မာန်သိပ်မတက်ပါနှင့်။ ရွေးကောက်ပွဲနီးပြီ။ ပြောမယ့်သာပြောရတယ် ဦးနှောက်ကို ထိထိရောက်ရောက် အသုံးပြုတတ်သူကခပ်ရှားရှားရယ်။လော်ဘီတွေထဲ ပြောပါတယ်။ တခါက လော်ဘီကြီး ဒေါက်တာဆောင်း ” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဆောင်ဦးလှိုင်ရဲ့ အမာခံ ပရိသတ် တွေကတော့ သူပြောတဲ့ အကြောင်းအရင်းလေးက ဘာကိုရည်ညွှန်းတယ်ဆိုတာကို သိကြလိမ့်မယ်လို့ ထင်ပါတယ်နော် ဖတ်ရှု့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2454 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ