Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စစ်ဘေးရှောင် ပြည်သူတွေအတွက် အထည်တွေလှူဒါန်းခဲ့တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်ရဲ့ ဒေသတစ်ချို့မှာ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးတဲ့အနေနဲ့ အဝတ်အစားတွေကို သရုပ်ဆောင်နေထက်လင်းဦးဆောင်တဲ့ စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေး နှင့် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ သို့ ဝေဠုကျော်ဖောင်ဒေးရှင်း မှ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို လှူဒါန်းမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေး နှင့် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ ကို သရုပ်ဆောင်နေထက်လင်းက ဥက္ကဌ အဖြစ် ဦးဆောင်ကာတည်ထောင်ထား တာဖြစ်တယ်လို့လဲသိရပါတယ်။ အဆိုပါကော်မတီကို ဒုတိယအကြိမ်အဖြစ် ဝေဠုကျော်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည် အသစ် ၁၀ထုပ် အထည်ပေါင်း ၁၅၀၀ ကျော်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူချစ်တဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို ပရဟိတလုပ်ငန်းတွေကိုလဲ ပြည်သူတွေအတွက် အားသွန်ခွန်စိုက် လိုက်ပါလုပ်ဆောင်ပေးနေတဲ့ အနုပညာရှင်တွေလဲ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးကို လိုလားကြတဲ့ ဒီမင်းသားနှစ်ယောက်အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။


Snowpiki(MCC)

(Visited 683 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ