Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စစ်ကားရုပ်ရှင် ဇာတ်ကား ကန်တော့ပေးပွဲမှာ တွေ့ရတဲ့ အနုပညာရှင်များ

ပရိသတ်တေံ စောင့်မျှော်နေကြတဲ့ စစ်ကား ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဆင်နေပါတယ်ဆိုတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေထူးနဲ့ ထူးအောင်တို့ရဲ့ ခန္ဓာကိုယ်တွေပြောင်းလဲ ကျစ်လစ်လာဖို့အတွက် ပြင်ဆင်နေကြတယ်ဆိုတဲ့ ပုံတွေ ထွက်ပေါ်လာကတည်းက ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားခဲ့တာဘဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပြုလုပ်ခဲ့ပြီး ပါဝင်ရိုက်ကူးမယ့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ နေတိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “ “စစ်ကား”ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲမှ…ကျွန်တော် တို့ ကြိုးစားကြပါဦးမည် …နေတိုး” လို့ ဆိုကာ ရေးသားခဲ့တာဘဲဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီကို 7th Sense Flim Production မှ ရိုက်ကူးထုတ်လုပ်မှာ ဖြစ်ပြီး ဒါရိုက်တာ ကိုပေါက် ကရိုက်ကူးပုံဖော်မှာဖြစ်ကာ နေတိုး ၊ ကျော်ကျော်ဗို ၊ ရွှေထူး ၊ ထူးအောင် နေမျိုးအောင် ၊ နေထူးနိုင် ၊ အောင်ပိုင် ၊ ကျော်ဇောဟိန်း ၊ညီညီမင်းထက် ၊ အေးမြတ်သူူ ၊နွယ်ဒါလီထွန်း ၊ ရွှေရင်အေး နှင့် အခြားအနုပညာ ရှင်များစွာလဲပါဝင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကြည့်ရှု့ပေးကြတဲ့ ပရိသတ်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်။ ပြန်လည်မျှဝေပေးသွားဖို့ မမေ့ပါနဲ့ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

Source – Nay Toe ‘s fb

(Visited 606 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ