Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စင်မြင့်ထက်မှာ မှားပြောမိတဲ့ စကားတစ်ခွန်းကြောင့် တောင်းပန်လိုက်တဲ့ တန်ခွန်ကျော်

ပရိသတ်တွေအများစုရဲ့ အသည်းကွဲတဲ့ညဖြစ်ခဲ့တဲ့ တန်ခွန်ကျော်အိမ်ပြန်ခဲ့ရတဲ့နေ့မှာ တန်ခွန်ကျော်က နောက်ဆုံးgoodbye song သီဆိုခဲ့တဲ့ အချိန်က စိတ်တွေလှုပ်ရှားပြီး တေးရေးဆရာ ပြောတဲ့နေရာမှာ စကားလုံး အသုံးအနှုန်းမှားခဲ့တာကြောင့် တေးရေးဆရာဖြစ်သူကို တောင်းပန်စကားဆိုခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော် သီဆိုခဲ့တဲ့ ” သို့ သူငယ်မုဒိန်းကောင်များ” သီချင်းကို ရေးစပ်ထားတဲ့ သူက တေးရေးဆရာချမ်းဘို ပါဗျ၊ goodbye song ဆိုတဲ့အချိန် ကျွန်တော်မှားပြောမိလိုက်တာက “ကျွန်တော်ရွေးထားတဲ့သီချင်း ” လို့ပြောချင်တာကို

“ကျွန်တော်ရေးထားတဲ့သီချင်း”လို့ ဖြစ်သွားလို့ ပြန်လည်ရှင်းပြ​ပေး တာပါခင်ဗျ ကျွန်တော်​ရေးထားတာမဟုတ်ပါဘူးဗျ တေးရေးဆရာချမ်းဘိုနဲ့မူရင်းအဆိုရှင် ကိုစောလားထော်ဝါး ကိုတောင်းပန်ပါတယ်ဗျ🙏” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့အသံနဲ့ အကောင်းဆုံးဖြစ်အောင် သီဆိုခဲ့တဲ့ good bye song ကလဲ အတော်လေးကိုကောင်းမွန်လှပါတယ်။ တန်ခွန်ကျော်ကို top 3အထိပါဝင်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းခဲ့ကြပေမယ့် top 8 နဲ့တင်နှုတ်ဆက်ခဲ့ရတာကြောင့် အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

တန်ခွန်ကျော်ကတော့ မြန်မာအိုက်ဒေါ ကနေပြီးဆုံးခဲ့ပေမယ့် သူ့အနေနဲ့ သီချင်းတွေကို အကောင်းဆုံး ဆက်လက်သီဆိုသွားအုံးမှာပါလို့လဲ ပြောပြခဲ့ပါတယ်။

Snow(mcc)

(Visited 12183 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ