Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

” ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေးမရပါဘူး ကွာ” လို့ ပြောလိုက်တဲ့ မိုင်းမိုင်ဆိုင်း

Myanmar Idol Season 2 မှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ မိုင်းမိုင်ဆိုင်းဟာ ခုဆိုရင် ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ သူမဟာ လတ်တစ်လော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ဖြိုးမြတ်အောင် myanmar idol ဝင်ကြည့်လို့မ ခဲ့ဘူးဆိုတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး ခုလိုဘဲပြောပြလာပါတယ်။

သူမက ” နေရာတကာပါတယ် ပြောလည်းမတတ်နိုင်ဘူး ကိုယ့် idol ကိစ္စဆိုတော့ပါရမှာဘဲ စောက်မြင်ကတ်လည်းမတတ်နိုင်ဘူး ဟိုမင်းသားမင်းသား ကိစ္စတွေလည်းမပါဘူး သူများလင်မယားကုတင်ပေါ်ကကိစ္စလည်းမပါဘူး H1N1 လည်းမပါဘူး Nldကိစ္စလည်းမပါဘူး/ကြံ့ကိစ္စလည်းမပါဘူး…မတ်မတ်ပန်ဆယ်လိုကိစ္စလည်းမပါဘူး/မတ်မတ်လှနုကိစ္စလည်းမပါဘူး..ကိုယ့်ကိစ္စတွေမဟုတ်လို့..ဆင်ခြင်စရာရှိရင်ဆင်ခြင်လိုက်တယ်..သင်ခန်းစာယူစရာရှိရင်ယူလိုက်တယ်.. ”

“ဒါပေမဲ့ ကိုယ့်Idol မိသားစု ကိစ္စတော့ပါမယ်…တစ်ဖက်ကြီးဘဲကြည့်လို့မရဘူးလေနော်.. မျှပြီးတွေးတတ်စဉ်းစားပေးတတ်ရတယ်…Idolကအဲလိုလုပ်တဲ့ရာဇ၀င်မရှိဖူးတဲ့အကြောင်းအရာမို့ပါဒါကြောင့်ပါသင့်တယ်ထင်လို့… မပါသင့်ဘူးထင်လည်း ပါမှာဘဲ…ခင်များတို့ထက်စာရင် ကျနော်တို့က ပိုပါသင့်တယ်ထင်တယ်လေမဟုတ်ဘူးလား ထားပါ ဟုတ်ဟုတ်မဟုတ်ဟုတ်…
ပါမယ် လို့ ပြောပြီး ပါတာနော်.. နေရာတကာပါလိုက်တာတွေ လာမပြောနဲ့ .. တစ်ညလုံးPh နဲ့ live ကြည့်ထားရလို့မျက်စိစပ်နေလို့ မနက်မှပါမယ်…. အိုခီ!! တပါတည်းပါနေလို့ ဗိုက်တောင်နာလာပြီ😂” လို့ဆိုကာ မနေ့ညက ရေးသားခဲ့ပါတယ်။

ယနေ့မနက်မှာတော့ ခံစားချက်တွေကို ဖွင့်ချလိုက်ပါတော့တယ်။ သူမ က ” (ညကတည်း ၀င်ပါမယ်လို့ ရေးပြီးသားနော်)ညေးရေ ဒီကိစ္စမှာ မင်းကိုလည်းမှားတယ်လို့မပြောသလို ဟိုဘက်ကိုလည်း မှန်တယ်လို့မပြောပါဘူး..ဘာဘဲပြောပြော မင်းတို့ ငါတို့ကောင်တွေ ဘာမှ စောက်ရုပ်မပေါက်တဲ့ ဘ၀ ကနေ ခု ဒီ program ကြီးကြောင့် ဒီမိသားစုက ၀န်ထမ်းတစ်ယောက်စီပခုံးနဲ့ထမ်းတင်ပေးခဲ့တာကြောင့် ငါတို့ အနိမ်ခံ ဘ၀ကနေ အဆင်မပြေတဲ့ဘ၀ ကနေ ခုလိုတွေနေလာရပြီလေကွာ…သူတို့ဘက်ကတစ်ခုခု အမှားအယွင်းလေးတွေရှိခဲ့ရင်တောင် ဒီဘ၀ကငါတို့ကောင်တွေအတွက်အရမ်းကိုကျေနပ်သင့်နေပါပြီကွာ…”

“တမင်သက်သက်ညေးကိုမှ မ၀င်ခိုင်းဘူး ဆိုရအောင် ဒါကညေးရန်သူပြိုင်နေတဲ့ပွဲမှ မဟုတ်ဘဲညေးရာ.. ကြုံဖူးမှကိုယ်ချင်းစာမယ် မှန်ပါတယ်..ငါတို့လည်းကြုံဖူးတာဘဲ သားငယ် လောက် လူမှတ်မိနိုင်တာရှိဦးမလား.. လူအုပ်ကြီးအရင်သွင်းနေလို့၀င်လို့မရသေးဘူး ဆိုလို့ ငါတို့လည်း လူအုပ်ကြီးနဲ့ အတူရပ်စောင့်ဖူးတယ်… အကယ်၍ လက်မှတ် ပါရဲ့သားနဲ့ လူပြည့်သွားလို့ ဆိုရင်တောင် ငါတို့ကောင်တွေတောင်သဘောထားကြီးပေးသင့်တာ ငါတို့အစီအစဉ်လူတောင်လျှံအောင် အားပေးကြတာဆိုပြီး..ဒါပေမဲ့ဒီလိုတော့ဖြစ်ရိုးမရှိပါဘူး…”

“ညေးတုန်း တုန်းကလည်း ငါတို့ စပ်စလူးထအောင်အားပေးခဲ့ကြတာ vcall တွေပြောပြီး၀မ်းသာပေးခဲ့ကြတာပါညေးရာ ခုကိစ္စလည်း အမေတို့ အန်တီ တို့ကိုမ၀င်ခိုင်းဘူး ညေးကိုဘဲ ၀င်ခိုင်းမယ်ပြောလို့လား အတူထိုင်ဖို့နေရာမရှိလို့ ညေးက winner ကြီးမို့လို့ camera boundမှာပါအောင် ညေးကိုနေရာအရင်ချထားချင်လို့အရင်၀င်ခိုင်းတာလေ..camera boundမှာ ညေးတို့ ၈ယောက်လုံးကိုအတူထားလို့အဆင်မပြေတာ ညေးလည်းခန်းမထဲကသဘောတရားကိုidol တစ်ယောက်အနေနဲ့သိရက်နဲ့..”

“လက်မှတ် ၈ စောင်စလုံးပါတယ်… ၈ယောက်စလုံးလက်မှတ်ပုံစံကောတူရဲ့လား??.. ညေးဘဲ၀င်ရမယ် အမေတို့အန်တီတို့လုံး၀ ၀င်ခွင့်မရှိတော့ဘူး လို့ပြောခဲ့လား??ပြောခဲ့ရင် ငါပါနင့်ဘက်ကရှိနေမယ်..ok? ညေး interviewတွေဖြေထားသလို လုံး၀ ကွက်တိဆိုပြီးလိပ်ပြာလုံရဲ့လား? စွတ်စွဲတာမဟုတ်ဘူးနော်တကယ်ငါအရမ်းခင်တဲ့ငါ့ညေး စိတ်ကိုအဖြူထည်ဖြစ်စေချင်တဲ့စေတနာပါ…ပရိသတ်ဝိုင်းပြန်ဆဲမှာကြောက်တဲ့စိတ်နဲ့တော့ ဘုရားဒကာကျောင်းဒကာကောင်းမှုတွေဘဲလုပ်နေတဲ့ ညေးရဲ့လိပ်ပြာကို မညစ်နွမ်းသွားပါစေနဲ့ကွာ… .fanတွေညေးပြောတာတစ်ခုတည်းနဲ့တစ်ဖက်ပိတ်ညေးဘက်မှာရပ်တည်နေတာကိုညေးသာယာနေတာတော့မဖြစ်ပါစေနဲ့ကွာ..”

” ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေးမရပါဘူးညေးရာ ..ငါတို့ကောင်တွေရဲ့အခုအခြေအနေကအရမ်းကိုကျေနပ်သင့်နေပါပြီ… ညေးပြောသလို ညေးလို winner အနေအထားနဲ့ ပြောခံရတော့ရှက်တယ် ဆိုရအောင် ငါတိူ့ကောင်တွေ အဲလို အနေအထားဆိုတဲ့စကားတွေ ထည့်ပြောရမယ့် အဆင့်မဟုတ်ကြသေးဘူးလေကွာ…ခွေတွေအများကြီးထုတ်ခဲ့တဲ့ ငါတို့ကောင်တွေထက် ပေါက်မြောက်ခဲ့တဲ့စီနီယာကြီးတွေတောင် တခါတလေ နေရာပေးမခံရတာတွေရှိဖူးတာဘဲ..”

“သူတို့နဲ့ယှဉ်ရင် ရှက်စရာကြီးပါကွာ.. ငါတို့ကောင်တွေ ခုမှ ဒီidolကနေ တင်ပေးလိုက်လို့ တကယ်စီနီယာကြီးတွေနဲ့ အတူ တစ်စင်တည်းဆို တစ်ခရီးတည်းတွေဖျော်ဖြေခွင့်ရနေတာ…တကယ်ဆို ငါတို့ကောင်တွေ ဘာကောင် တွေ ဘာကောင်မတွေမှ မဟုတ်သေးဘူးဆိုတာကို ကိုယ့်ကိုကိုယ် alert လုပ်နေရမှာဟ… နင်တို့ငါတို့အပေါ် မမီးကအစ ၀န်းထမ်းတွေအားလုံးဘယ်လောက်တောင်ကောင်းခဲ့လဲ??ဘယ်လောက်ဂရုစိုက်ခဲ့လဲ??ဘယ်လောက်တောင်ပြည့်ပြည့်စုံစုံနေခဲ့ရလဲ?? ဒီချိန်သူတို့ တစ်ခုခု မှားယွင်းခဲ့ရင်တောင် ငါတို့ အဲလို ပြန်ပြောဖို့တွေးကိုမတွေးသင့်ပါဘူးသားကြီးရာ..ငါတို့ အခြေနေတွေ ဘယ်လောက်တောင်ပြောင်းလဲခဲ့လဲ “

“ကျေးဇူးမတင်ရင်တောင်ခုလိုတော့ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးညေးရာ.. ဒီအချိန် s4 ခေတ်ရောက်နေပြီ…ငါ့ဟဲ့ အရင်က winner တွေသွားလုပ်လို့မရတော့ဘူးလေညေးရာ.ငါတို့အပြင် media လောကမှာ ဘယ်သူနဲ့ဘယ်လို ပြဿနာဖြစ်ဖြစ် ငါတို့ကိုမွေးထုတ်ပေးခဲ့တဲ့ နေရာကို တော့ အဲလို မပြောသင့်ဘူးညေးရာ…မခင်နှင်းတို့ ကိုသန့်တို့ ညေးအပေါ်ဘယ်လောက် အနွံတာခံလဲ ?ချစ်လဲ? လုပ်ပေးလဲ ဆိုတာညေးအသိဆုံးနေမှာပါ..ညေးဆို အမြဲဘုရားတရားနဲ့နေတဲ့သူကပိုနားလည်မှာပါ..ငါတို့ Idol မိသားစုနဲ့ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ်တစ်ခုခု ငါ့အနေအထားတွေ ငါ့အဆင့်တွေ ဘာတွေညာတွေပြောမိတော့မယ်ဆိုရင် ငါတို့ ရဲ့အရင်တုန်းက ဘာစောက်ရုပ်မှမပေါက်ခဲ့တဲ့ လူတွေနိမ်ခဲ့တဲ့ဘ၀ကိုပြန်ကြည့်ရအောင်ပါ…”

” ငါတို့အချင်းချင်းတွေပါ ငါတို့ကောင်ကြီး ဘ၀ မေ့သွားတာလားကွာ ဆိုပြီး တကယ်အဲလိုမြင်နေမိတာ..ညေး Fanကလွဲပြီးရင် အပြင်လူတွေဆို ဘယ်လိုတောင်မြင်နေကြမလဲညေးရယ် မင်းကိုငါဘယ်လောက်ခင်လဲ ညေးနဲ့ညေး fan တွေအသိဆုံးပါ… စကားမစပ်ဒီနေ့ကျရောက်တဲ့ အန်တီ့မွေးနေ့အတွက် HAPPY BIRTHDAY ပါနော်❤ငါ့ညေးကိုအမြဲလေးစားတဲ့ကွီးမိုင်” လို့ ဆိုပြီးရေးသားခဲ့တာလဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ပရိသတ်တွေကတော့ ပွဲထဲဝင်ခွင့်မရလို့ စိတ်ဆိုးနေကြပြီး ဖြိုးမြတ်အောင်ကလဲ အတော်လေးစိတ်မကောင်းဖြစ်ခဲ့တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Snow(mcc)

(Visited 6059 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ