Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ငယ်ငယ် တုတ်ဆွဲ ဓားဆွဲ နဲ့ ရန်ခဏခဏဖြစ်ဖူးတယ် ဆိုတဲ့ လင်းလင်း

ပရိသတ်တွေ ချစ်ကြတဲ့ အမွှာလေးတို့ ဖေဖေ လင်းလင်းဟာ ယခုချိန်မှာတော့ သူချစ်တဲ့ မိသားစုလေးနဲ့ ပျော်ရွှင်တဲ့ ဘဝပုံစံလေးကို ဖြတ်သန်းလျှောက်လှမ်းနေပါတယ်။ သူဟာ လူငယ်ဘဝတုန်းက တုတ်ဆွဲ ဓားဆွဲ နဲ့ ရန်ဖြစ်ဖူးကြောင်း အဲ့ဒီလို ဆိုးပေတေရာကနေ အမြင်မှန်ကိုရအောင် လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ အစ်ကိုတစ်ယောက်ကြောင့် ယခုလို အေးချမ်းတဲ့ဘဝကို တည်ဆောက်လာနိုင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ အကြောင်းလေး ပြောပြလာခဲ့ပါတယ်။ သူရဲ့ စတင်ရာက အဖေအမေ ပါလို့လဲ ထည့်သွင်းရေးသားထားပါသေးတယ်။

သူရေးသားထားခဲ့တာတွေကတော့ ” လင်းလင်းဖြစ်တည်ဖို့ ‘လင်းလင်း’ ဘဲလိုတယ် ဆိုတဲ့ အသိတရားတွေနဲ့ သဘာဝလောကကြီးထဲရွက်လွှင့်ဖို့ လင်းလင်း စတင်ရာ ကျွန်တော့် အဖေ၊အမေ နဲ့။ ဟုတ်တာပေါ့,,, ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖြစ်တည်ဖို့ ကိုယ် ဘယ်သူလဲဆိုတာ ကိုယ်တိုင်မြင်ဖို့ ကိုယ့်ကိုကိုယ် ရှာဖွေနေကြရတာမဟုတ်လား။ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ်တိုင်ရှာဖွေတဲ့အချိန် ကိုယ့်ကိုကိုယ်မမြင်ဘဲ တပါးသူတစ်ယောက်ကို မြင်နေလို့ မဖြစ်ဘူးလေ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တဲ့အခါမှာ တစ်ခြားလူကိုမြင်နေရတယ်ဆိုရင် ကိုယ် ဟာ ကိုယ်မဟုတ်တော့ဘူးပေါ့။ ဒီဟာရဲ့ သဘောတရားအတိမ်အနက်ကို ဆစ်ဂ်မန်ဖရွိုက် ရဲ့ စာတွေထဲမှာ ထင်သာမြင်သာတွေ့ရပါတယ်။ ကိုယ် ဟာ ကိုယ် ဖြစ်တည်ဖို့ ကိုယ် ဘဲလိုပါတယ်”

” ဒီသဘောတရားကို ကျွန်တော် ထပ်ဖြည့်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ညီအကိုလေးယောက်ဟာ တစ်ခြားလူတွေနဲ့ ရန်ခဏခဏဖြစ်ကြတယ်။ အဲဒီမှာ ဉာဏ်ရည်ဖွင့်ဖြိုးတဲ့ အကိုဆရာတစ်ယောက်က ‘ဟဲ့ရောင် မောင်လင်း မင်းကွာ လက်တွေဒုတ်တွေ နဲ့ ရိုက်ကြ နှက်ကြ ယှဉ်ထိုးကြတာ ရှက်စရာကြီး။ မှတ်ထား ဘဝမှာသတ္တိရှိရင် သီလ ခြင်းယှဉ်ထိုး၊ သမာဓိ ခြင်းယှဉ်ထိုး၊ ရပ်တည်ချက်ခြင်း ယှဉ်ထိုး ရတယ်ကွ မှတ်ထား’ တဲ့။ ဟုတ်ပ မှန်လိုက်တာ။ လောကမှာ ကိုယ် ဟာ ကိုယ် ဖြစ်တည်ဖို့ ကိုယ့်ကိုကိုယ် ရှာဖွေတဲ့အခါမှာ စိန်ခေါ်မှုတွေကို သီလ ခြင်းယှဉ်ထိုး၊ သမာဓိ ခြင်းယှဉ်ထိုး ၊ ရပ်တည်ချက်ခြင်း ယှဉ်ထိုး။ အဲဒါအပြင်ကျွန်တော်က ထပ်ဖြည့်ပြီး ကြိုးစားမှုခြင်းပါ ယှဉ်ထိုး၊ ယုံကြည်မှုခြင်းပါ ယှဉ်ထိုး ပါတယ်”

” သဘောတရားကဒီလိုပါ။ မိသားစုပေါ် တန်ဖိုးထားတာခြင်း ယှဉ်မယ်ဆိုရင် လူရှေ့သူရှေ့နဲ့ လူမြင်ကွင်းမှာ ကိုယ့်မိသားစုကို ချစ်ပြတာက အဓိကမဟုတ်ပါဘူး။ ကိုယ့်မှာ မိသားစုရယ်လို့ ရှိပြီဆိုရင် လူမသိသူမသိ နောက်ကွယ်မှာ နောက်မီးလင်းတာမျိုး၊ ခွက်ပုန်းကုတ်ကမျင်း လုပ်တာမျိုးက အဓိကရှောက်ကျဉ်ရမယ့် မိသားစုစည်းပေါ့။ အဲဒီ သီလ၊သမာဓိ စည်း လုံရင် ရပြီဗျာ ယှဉ်ထိုးလို့။ အဲဒီ စည်း မလုံဘဲနဲ့ စိန်ခေါ်မှုအလံကိုင် တက်လာတဲ့လူတွေကို ဘာမှစောက်ဖတ်လုပ်စရာမလိုဘူး။ ခုနက အရာတွေနဲ့သာ ယှဉ်ထိုး။ သူ့ဟာသူပြိုလဲသွားလိမ့်မယ်”

” အနုပညာမှာလဲ ဒီသဘောဘဲ။ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး။ နိုင်ငံရေးမှာလဲ ဒီသဘောဘဲ။ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး။ စီးပွားရေးလဲ ဒီသဘောဘဲ၊ တရားရေးလဲ ဒီသဘောဘဲ၊ လူမှုရေးလဲ ဒီသဘောဘဲ။ ရှိသမျှခေါင်းစဉ်အမျိုးမျိုးနဲ့ အရေး တွေမှာ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး”

”ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကိုယ့်ကိုကိုယ် ရှာဖွေမတွေ့ရှိဘဲ ကိုယ် ဘယ်သူလဲ(ငါဘာကွ) လုပ်နေတဲ့သူတွေ။ အများမှ အများကြီးပါဘဲ။ အဲဒီလို လူတွေဟာ တစ်ပါးသူတစ်ယောက်နဲ့ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး တော့မယ်ဆိုရင် ဒီလိုပြောတက်ကြတယ်” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

လင်းလင်းဟာ လက်ရှိမှာတော့ မင်းသမီးချော ချစ်သုဝေ နဲ့ လက်ထပ်ခဲ့ပြီးနောက် ပြည်သူ့ချစ်တော် အမွှာလေး နှစ်ယောက်ကို မွေးဖွားခဲ့ပြီး သမီးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေး သစ်လေးတို့နဲ့အတူ ပျော်စရာကောင်းတဲ့ ဘဝကြီးကို ဖြတ်သန်း ရှင်နေခဲ့ပါတယ်။

Source – htwe lynn ko’sfb

(Visited 797 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ