Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ငယ်ငယ်က ရပ်ကွက်ထဲမှာပတ်ပြီး ဆန်ဖိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ အကြောင်းပြောပြလာတဲ့ တန်ခွန်ကျော်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ဖြေးဖြေးချင်းရရှိလာခဲ့ပြီး ခုလို အောင်မြင်လာရခြင်းရဲ့ အဓိက ခြေလှမ်းတစ်ခုကတော့ မြန်မာအိုက်ဒေါ မှာ ပါဝင်ယှဥ်ပြိုင်ခဲ့တာကနေ စတင်ခဲ့တာပါဘဲ ။ တန်ခွန်ကျော်ဟာ ပရိသတ်တွေရဲ့အားပေးမှုကြောင့် မြန်မာအိုက်ဒေါရဲ့ ပထမဆုံးအကြိမ်ချီးမြှင်ခြင်းခံရတဲ့ Wild Card Winner ဖြစ်ခဲ့ပါတယ်။

သူဟာ ယခုလိုအောင်မြင်မှုတစ်ချို့ရရှိလာချိန်မှာတော့ သူ့ရဲ့တစ်ချိန်က ရုန်းကန်ခဲ့ရတဲ့ အကြောင်းတွေကိုလဲ ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။ ငယ်စဥ်က ဆန်ဖိုးရဖို့အတွက် ရပ်ကွက်ထဲမှာပတ်ပြီး အညာသားကျောကုန်း ရောင်းခဲ့ဖူးတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” အညာသားကျောကုန်း ရောင်းပါသည်။ တစ်ထုပ် ၁ထောင်ကျပ်ပါ စားချင်စားမစားချင်နေ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်ပါနဲ့ 😁😁😁😁 လျော့စေးမရှိပါ😝 ငယ်ငယ်တုန်းက ဒီမုန့်လေး ရပ်ကွက်ထဲ ပတ်ရောင်းခဲ့ဖူးတယ် ဆန်ဝယ်ဖို့ပေါ့😧ခက်ခဲလွန်းခဲ့တယ် ” လို့ဆိုကာ ငယ်စဥ်က ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်စိတ်တစ်ပိုင်း ကို ရင်ဖွင့်ခဲ့ပါတယ်။

တန်ခွန်ကျော်ဟာ ချင်းတွင်းသားလေးဖြစ်ပြီး သူ့ရဲ့အရပ်ဒေသကို အလွန်ချစ်မြတ်နိုးတဲ့သူလေးပါ။ တန်ခွန်ကျော်ရဲ့ ချစ်ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ခက်ခဲတဲ့ ဘဝဖြတ်သန်းပုံတွေကို ဖတ်ရူ့ပြီးနော် ခွန်အားဖြစ်စေမယ့် စကားတွေ ပြောခဲ့ပေးကြပါအုံးနော်။

Snow(mcc)

(Visited 1318 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ