Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဂီတ အကြောင်း လေ့လာခဲ့ပုံကို ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံ ရဲ့ အနုပညာအသိုင်းအဝိုင်းမှာ ထိပ်တန်းမှာရှိနေတယ်လို့ ဆိုနိုင်မယ့် လွန်ခဲ့တဲ့ ၁၀စုနှစ်ကစပြီး ယနေ့အချိန်ထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ဂီတပညာလေ့လာမှုနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာလေးတွေပြောပြလာပါတယ်။ သူဟာ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ ရှိနေခဲ့ပေမယ့် သီးခံမှုအားအရမ်းကောင်းတဲ့ အနုပညာရှင်တစ်ဦးလို့ ပြောရမှာပါ။

သူဟာ ပရိသတ်တွေနဲ့ အရမ်းအဆင်ပြေအောင်နေတက်ပြီး ချစ်သူခင်သူအားပေးသူတွေကြားမှာ ပျော်ပျော်ကြီးရှင်သန်နေသူလဲ ဖြစ်ပါတယ်။ သူရဲ့ မွေးနေ့တိုင်းမှာကျင်းပလေ့ရှိတဲ့ ရှိုးပွဲဟာလဲ တစ်နှစ်ထက်တစ်နှစ် ပိုလို့ပိုလို့ အောင်မြင်လာပါတယ်။ ယခုနှစ်မှာဆိုရင်လဲ ခမ်းနားကြီးကျယ်လှတဲ့ မွေးနေ့ရှိုးပွဲကြီးကို ရန်ကုန်ရော မန္တလေးမှာပါ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် မှတ်သားစရာ စကားလေးတွေ စာလေးတွေကို သူ့ရဲ့လူမှုကွန်ယက်ကနေ ဖော်ပြလေ့ရှိသလို ယခုအခါမှာလဲ ဂီတနဲ့ပတ်သက်ပြီး သူမှတ်သားခဲ့ပုံတွေကို ပြောပြလာပါတယ်။

စိုင်းစိုင်း ပြောပြလာပုံလေးကတော့ ”ကျနော်တို့ငယ်ငယ်တုန်းက အခုလိုဖုန်းတွေ အင်တာနက်တွေလည်း မရှိသေးဘူး ကမ္ဘာကြီးနဲ့လည်း သိပ်အဆက်အသွယ်မလုပ်တော့ ဂီတအကြောင်းတွေဖတ်ရဖို့ သီချင်းခွေတွေရဖို့ဆိုတာ ခက်ခဲပါလှတယ် နယ်မှာနေတော့ပိုဆိုး မုန့်ဖိုးရသမျှလည်း သီချင်းကူးတာနဲ့ကုန်တာပါပဲ ဒီလိုနဲ့ Knockin’ on heaven’s door သီချင်းကို ဆယ်ကျော်သက်အရွယ်မှာ Guns N Roses ရဲ့ ပေါက်ကွဲပြင်းထန်တဲ့ Version နဲ့ စပြီးစွဲလမ်းခဲ့ပါတယ် အဲဒီတုန်းက Bob Dylan ဆိုတာကို လုံးဝမကြားဖူးသေးပါဘူး ”

” ဘာလို့လဲဆိုတော့ ကျနော်က GNR ခေတ်မှာမှ မွေးဖွားလာတာကိုးဗျ သို့ပေမယ့် ဒီသီချင်းကိုကြိုက်တော့ သီချင်းနောက်ခံအကြောင်းအရာတွေ စူးစမ်းမိတဲ့အခါ ဒီသီချင်းရဲ့ မူလဖန်တီးရှင် Bob Dylan ကိုပါရှာတွေ့သွားတယ်
ပြီးတော့ ဒီသီချင်းကို GNR ပဲ ပြန်ဆိုတာမဟုတ် Eric Clapton လည်းပြန်ဆိုခဲ့ဖူးတယ်ဆိုပြီး Eric Clapton ကိုလည်းထပ်တွေ့ ထပ်တွေ့တော့ Clapton သီချင်းတွေ ထပ်နားထောင်မိပြီး ထပ်ကြွေ ”

” Bob Dylan က ကောင်းကင်ရဲ့တံခါးကို ညင်ညင်သာသာခေါက်တယ် ( 1965 )၊ Eric Clapton က ငြိမ့်ငြိမ့်ညောင်းညောင်းခေါက်တယ် ( 1975 )၊ GNR က ပြင်းပြင်းထန်ထန်ခေါက်တယ် ( 1990 )၊ Roger Waters ( Pink Floyd) က တည်တည်ငြိမ်ငြိမ်ခေါက်တယ် ( 2002 ) ၊Avril Lavigne က ရှရှတတခေါက်တယ် (2003 ) ၊ အခုနောက်ဆုံး ဗြိတိသျှတေးရေးဆရာမ Raign က ဒီတံခါးကိုပဲ လေးလေးသွဲ့သွဲ့ ခေါက်ပြန်ပါတယ် ( 2015 ) ဒီကြားထဲမှာ Hip Hip အဆိုတော် Wyclef Jean အပါအဝင် နိုင်ငံတကာက ဂီတသမားများစွာက Version အမျိုးမျိုးနဲ့ ဘာသာစကားအမျိုးမျိုးနဲ့ ပြန်ဆိုကြတာအများကြီးပါပဲ နောက်ပြီး ဒီသီချင်းကို မှီငြမ်းပြီး ဆင့်ပွားထွက်ပေါ်လာတဲ့ သီချင်းတွေလည်း အများကြီးရှိခဲ့ပါတယ်တဲ့ ”

” ဘာရယ်မဟုတ်ဘူး အနုပညာရဲ့ ဝတ်မှုံကူးခြင်းတွေကိုဆက်စပ် စဉ်းစားမိရင်းက ကျနော်သိပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်အကြောင်းကို အကျယ်တဝင့်တွေးတောမိသွားလို့ ဒီစာကိုရေးပါတယ် ပြန်ဆိုတဲ့ cover တွေထဲမှာ ကျနော်မကြိုက်တဲ့ပုံစံတွေ့ရင် ရိုးရိုးလေးပဲ ကျနော် ကျော်ပစ်လိုက်တာပေါ့ ။ ဘဝဆိုတာ အချိန်အကန့်အသတ်နဲ့ ဝင်ရတဲ့ ပြတိုက်တစ်ခုနဲ့တူပါတယ် ကိုယ်မကြိုက်တဲ့ အခန်းတွေဝင်ပြီး အချိန်အကုန်မခံတာအကောင်းဆုံးပါပဲ ကိုယ်ကြိုက်တဲ့အခန်းတွေ မကြည့်လိုက်ရရင် နှမျောဖို့ကောင်းပါတယ် ”

” ဒီနေ့ခေတ်မှာတော့ သိပ်ကို အဆင်ပြေသွားပါပြီ အခု ကျနော့် လက်ကိုင်ဖုန်းထဲမှာတင် တစ်ကမ္ဘာလုံးက သီချင်းတွေအားလုံးချိတ်ဆက်ထားပြီးသားဆိုတော့ သီချင်းနဲ့ကိုယ်နဲ့ဟာ တစ်တို့စာအကွာအဝေး ( only one touch away ) ဖြစ်ပါတယ် ကိုယ်ကြိုက်တဲ့သီချင်း အခုချက်ခြင်းနားထောင်လို့ရပြီ မကြိုက်ရင်လည်း လွယ်လွယ်လေးပဲ ကြော်ငြာတွေထဲမှာပြောကြသလို လက်ညှိုးလေးနဲ့ထိလိုက်ရုံပါပဲ ”

” ဒီတော့ – Young Guns 2 ရုပ်ရှင်တစ်ခေါက်ပြန်ကြည့်ပြီး သီချင်းဟောင်းတွေပြန်နားထောင်ပြီး ငယ်တုန်းက တောင်ကြီးအိမ်ကို လွမ်းလိုက်ဦးမယ် ဒီနေ့တနင်္ဂနွေ အားလပ်ရက်လေးမှာ ….(ကျနော့်ထင်မြင်ယူဆချက်မျှသာဖြစ်လို့ အချက်အလက်မမှန်ကန်တာရှိရင် ထောက်ပြပြုပြင်ပေးနိုင်ပါတယ်)” လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြထားခဲ့ပါတယ်။

Source – saisaikhamleng ‘s fb

(Visited 371 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ