ချွေးမဖြစ်သူက ဆွေကြီးမျိုးကြီးထဲကပါလို့ ပြောပြလာတဲ့ ပိုင်ဇေရဲထွန်း ရဲ့ ဖခင်

ကျန်ခဲ့တဲ့ရက်ပိုင်းအတွင်း ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ဟာ မိဘတွေရဲ့ ခြံကိုပေါင်ပြီး ပြန်မရွေးပေးတာကြောင့် မိဘဖြစ်သူတွေ မှာ ဘဏ်နဲ့ အမှုရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး ပိုင်ဇေရဲထွန်းရဲ့ ဖခင်ကိုယ်တိုင်က ဒီအကြောင်းတွေကို ရေးသားတင်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ နောက်မှာတော့ အကြောင်းအရာမျိုးစုံ ထွက်ပေါ်လာခဲ့ပြီး ဇင်သဲနိုင်အပေါ် ဝေဖန်ပြောဆိုမှုတွေ ပိုမိုများပြားလာပါတယ်။

ပြသဿနာတွေဖြစ်ပြီး ၃ရက်မြောက်နေ့မှာတော့ ယောက်ခမနှစ်ဦးကို အိမ်ခေါ်ကာ ကိစ္စရပ်တစ်ချို့ကိုဖြေရှင်းခဲ့တယ်လို့လဲသိရပါတယ်။ အဲ့ဒီနောက်မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူဟာ သူ့ချွေးမလေးက ဆွေကြီးမျိုးကြီး ထဲကဖြစ်ပြီး ပိုက်ဆံအရမ်းချမ်းသာကြောင်း၊ နောက်ပြီ ခုချေးထားတဲ့ ငွေဆိုတာကလဲ သူမတို့အဖို့ မပြောပလောက်တဲ့ငွေပမာဏဖြစ်ကြောင်း ရေးသားထားတဲ့ စာတစ်ချို့ကို ပိုင်ဇေရဲထွန်းရဲ့ ဖခင် ဦးရဲထွန်းရဲ့ ဖေ့စ်ဘုတ်ကနေ ရေးသားဖော်ပြလာပါတယ်။

ရေးသားထားတဲ့ စာအပြည့်အစုံကတော့ ” အဘချွေးမသမီးလေး သဲသဲမိဘတွေ နဲ့ ဖိုးလပြည့်မိဘတွေ ဟာဆွေမျိုးတော်ပါတယ်။ အဘချွေးမသမီးလေးသဲသဲ နဲ့ ဖိုးလပြည့်ဟာမောင်နှမနှစ်ဝမ်းကွဲတော်ပါတယ်။ အဘရဲ့သားပိုင်ဇေနဲ့ဖိုးလပြည့်ဟာအရမ်းခင်တဲ့သူငယ်ချင်းတွေပါ။ ခဏခဏသူတို့လေးတွေအပြင်မှာတွေ့ဖြစ်ကြပါတယ်။ အဘချွေးမသမီးလေးသဲသဲမိဘတွေဟာရွှေတောင်ကြားလမ်း မှာခြံဆယ်နှစ်ခြံပိုင်ပါတယ်။တခြားမြေကွက်တွေလည်းအများကြီးပိုင်ပါတယ်။

” အဘချွေးမသမီးလေးသဲသဲမိဘတွေဟာအရမ်း ချမ်းသာလို့အဘသားလေး ပိုင်ဇေ နဲ့ သဘောမတူလို့အဆက်
သွယ်ဖြတ်ထားတာပါ။ ဒါပေမယ့် သမီးလေးသဲသဲ နဲ့သူ့မိခင်ဟာ အဆက်သွယ်ရှိပါတယ်။ အခုဖြစ်နေတဲ့ငွေကြေးပြသနာဟာ အဘချွေးမ သမီးလေး အတွက်တော့ အသေးအဖွဲကိစ္စပါ။ အဘချွေးမသမီးလေသဲသဲကိုအဘကအပြည့်ဝယုံကြည်ပါတယ်။ ဖေ့ဘုတ်မှာအဘချွေးမလေးသဲသဲကိုမနာလိုပြီးအတင်းပြော နေသူစကားကိုနားမယောင်ကြပါနဲ့။

အဘချွေးမသမီးလေး သဲသဲဟာဘယ်သူ့ကိုမှအခုလက်ရှိအချိန်ထိလိမ်ညာဖူးတာ မရှိခဲ့ပါဘူး။အဘချွေးမသမီးလေးသဲသဲနိုင်ငံခြားဈေးဝယ်ခဏ ခဏထွက်တာဟာသူမမိခင်မုန့်ဖိုးနဲ့သူမကိုယ်ပိုင်ပိုက်ဆံနဲ့ပါ။အဘချွေးမသမီးလေးသဲသဲအကြိမ်တစ်ရာမကနိုင်ငံခြား ခရီးသွားလို့ကုန်ခဲ့တဲ့ပိုက်ဆံဟာသိန်းနှစ်သောင်းကျော် အထက်မှာရှိပါတယ်။ဒါကြောင့်ဖေ့ဘုတ်မှာသူများဖွတိုင်းသတင်းတွေကိုမယုံကြပါနဲ့ကွယ်

” ရှေးခေတ်စကားပုံတောင် ရှိပါတယ် သစ်ပင်မြင့်လေ လေတိုက်လေ ဆိုသောစကားပုံ ကိုသတိရစေချင်ပါတယ်ကွယ်။အားလုံးသောဖေ့ဘုတ်သုံးသူများကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လမ်းကြပါစေလို့အဘဆုတောင်းပေးပါတယ်ကွယ် ” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

မနေ့ညကလဲ ပိုင်ဇေရဲထွန်းရဲ့အမကြီးဖြစ်သူက လဲ ပေါင်းထားတဲ့ခြံတွေအတွက် သိန်တစ်ထောင် စပေးတယ်လို့ ကြားရလို့ ဝမ်းသာပါတယ်။ ဆက်ပြီး မိဘတွေကို ထခိုက်လာစေမယ့် ဖြေရှင်းချက်မျိုးတွေ ထပ်မလုပ်ဖို့ကို အမကြီးတစ်ယောက်အနေနဲ့မေတ္တာရပ်ခံ တောင်းဆိုပါတယ် ဆိုပြီး ရေးသားခဲ့ပါတယ်။ လက်တလောမှာတော့ ပိုင်ဇေရဲထွန်းတို့
မိသားစုနဲ့အတူ အဖေနဲ့အမေတို့အတူတူ ရှိနေကြပါတယ်။

ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – uyehtun ‘s fb

(Visited 46921 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ