Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချောရတနာနဲ့ သန္တာဗိုတို့ မိခင် ရဲ့ နောက်ဆုံးခရီး

ပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင် ညီအစ်မနှစ်ယောက် ဖြစ်တဲ့ အကယ်ဒမီ ချောရတနာနဲ့ သန္တာဗိုတို့ရဲ့ မိခင်ဖြစ်သူဟာ ဧပြီလ ၇ရက်နေ့ ညနေပိုင်း က ရုတ်တရက် ကွယ်လွန်ခဲ့တာကြောင့် သူတို့ညီအစ်မနှစ်ယောက် အတော်လေးစိတ်မကောင်းဖြစ်နေရှာပါတယ်။ သူတို့ မိခင်ရဲ့ ရုပ်ကလာဘ်ကို ယနေ့ ဧပြီလ ၈ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်။

ဈာပန အခမ်းအနားကို နေ့လည် ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ပြီး စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတွေနဲ့ အတူ ချောရတနာနဲ့ သန္တာဗိုတို့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိပါတယ်။ ပရိသတ်ကြီးအနေနဲ့ သူတို့ ညီမနှစ်ယောက်ကို နှစ်သိမ့် အားပေးစကားဆိုနိုင်ဖို့ ဈာပန ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ချစ်တဲ့ အကယ်ဒမီ မင်းသမီး ချောရတနာနဲ့ မော်ဒယ်သရုပ်ဆောင် သန္တာဗို ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းရီ(ခေါ်) ဒေါ်ဝါနု ဟာ အသက် (၆၅)နှစ်ဟာ ဧပြီလ (၇)ရက်နေ့မှာတော့ ရုတ်တရက် ကွယ်လွန်ခဲ့တာကြောင့် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။

Snow(mcc)

(Visited 125209 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ