Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချောရတနာနဲ့ သန္တာဗိုတို့ရဲ့ မိခင် ဒေါ်ဝါနု ကွယ်လွန်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင် ညီအစ်မနှစ်ယောက် ဖြစ်တဲ့ အကယ်ဒမီ ချောရတနာနဲ့ သန္တာဗိုတို့ရဲ့ မိခင်ဖြစ်သူဟာ ယနေ့ညနေပိုင်းမှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို သူတို့ညီအစ်မနှစ်ဦးရဲ့ မိတ်ဆွေတွေ ထံမှ သိရှိရပါတယ်။

သန္တာဗိုကလဲ ” အမေ့ကို မနက်ဖြန် နေ့လည် ၁ နာရီတွင် ရေဝေးသုဿန်သို့ ပို့ဆောင်မည်ဖြစ်၍ covid-19 ကျန်းမာရေးအခြေအနေအရ လူစုလူဝေးရှောင်ကြဉ်ရန် နေအိမ်မှ ကားအစီအစဉ်မရှိပါ…မိမိအစီအစဉ်ဖြင့်ပို့ဆောင်နိုင်ကြောင်း အသိပေးအပ်ပါသည်🙏” လို့ ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ချောရတနာကလဲ မိခင်ဖြစ်သူရဲ့ နာရေးဖိတ်စာကို ဒီလိုအချိန်မျိုးမှာမှ ပို့စ်တစ်ခုအနေနဲ့ တင်ရလို့ စိတ်မကောင်းဖြစ်နေကြောင်းကို ” ဒီ post ကို ဒီလိုနေ့မှာ တင်ရတဲ့ဘဝ ” လို့ ဆိုကာ စိတ်မကောင်းစွာနဲ့ ရေးသားခဲ့ပါတယ်။

ပရိသတ်ချစ်တဲ့ အကယ်ဒမီ မင်းသမီး ချောရတနာနဲ့ မော်ဒယ်သရုပ်ဆောင် သန္တာဗို ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းရီ(ခေါ်) ဒေါ်ဝါနု ဟာ အသက် (၆၅)နှစ်ဟာ ယနေ့ ဧပြီလ (၇)ရက်နေ့မှာတော့ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။

Snow(mcc)
Source – chawyandanar’sfb, thandar bo’sfb

(Visited 1669 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ