Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချမ်းသာမှုကိုလိုက်စားတဲ့လူတွေကိုအားမကျပါနဲ့ လို့ဆိုတဲ့ ပိုင်တံခွန်

ပရိသတ်တွေရဲ့အချစ်တော် ပျိုတိုင်းကြိုက်တဲ့ မင်းသားချော ပိုင်တံခွန်ဟာ မမတွေ ညီမလေးတွေ ကြွေစေတဲ့ စကားလုံးလှလှလေးတွေနဲ့ သူ့ရဲ့ အမိုက်စားပုံတွေကိုသာဖော်ပြလေ့ရှိပြီး ၊ ယနေ့မှာတော့ မိဘကို ရှာဖွေကျွေးမွေးနေတဲ့ ညီ၊ညီမလေးတွေအတွက် အမှတ်တရ စာသားလေးတစ်ချို့ကို ပြောပြပေးခဲ့ပါတယ်။

ပိုင်တံခွန် ကတော့ “ကိုက မပြည့်စုံတဲ့ အသိုင်းဝိုင်းက ဆင်းသက်လာပြီး ကို့လုပ်အားခလေးနဲ့ မိဘကို ရှာကျွေးနေတဲ့ ညီ၊ ညီမလေး တွေအတွက်‌ပါ။ လူငယ်တော်တော်များများက အရွယ် ရောက်လာတဲ့အခါ ဝတ်ချင် စားချင် သွားချင် လာချင်ကြတယ် ၊ကို့ဘဝက မပြည့်စုံဘူး ဆင်းရဲတယ်။ အလုပ်လုပ်ပေမယ့်လည်း ရတဲ့ငွေလေးနဲ့ မိဘ ဆွေမျိုးတွေကို ပြန်ထောက်ပံ့ရတဲ့အခါ ကို့အတွက် သုံးဖို့တောင် အနိုင်နိုင် ဖြစ်လာကြတယ်”

“အဲဒါ နဲ့ပဲ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ ကို့ဘဝကို ကိုယ်တိုင်စိတ်ကုန်မိပြီး ကိုနဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေကို သိပ်အားကျရတဲ့ အချိန်တွေရှိလာတတ်တယ်။ သိမ်ငယ်စိတ်တွေလည်း ဝင်လာတတ်တယ် ၊တချို့ ဆို မိသားစု အပေါ်တောင် အပြစ်မြင်လာတတ်ကြတယ်။ငါက ဘာလို့ ချမ်းသာတဲ့ မိသားစုမှာ မမွေးဖွားခဲ့တာလည်းဆိုတဲ့ အတွေးက အစပေါ့…”

” ကိုနဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေ မိဘဝယ်ပေးတဲ့ အကောင်းဆုံး အရာတွေကြား ကြွားလုံးထုတ် ပျော်ပါးနေချိန်မှာ ကိုက ကိုရတဲ့ ငွေလေးနဲ့ မိဘကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတယ် ဆိုတာ ပို ဝင့်ကြွားဖို့ကောင်းတဲ့အရာပါ ။တန်ဖိုးကြီးတယ်ဆိုတဲ့ အရာတွေထက် ပို တန်ဖိုးကြီးမားတဲ့အရာပေါ့။ တကယ်လို့ ငါ့ မိဘက ပြီးပြည့်စုံအောင် ချမ်းသာနေရင် ငါ ရော ဘာလုပ်ဖြစ်နေမလဲ ဆိုပြီး ကိုယ်တိုင်လဲ မေးကြည့်ပါ။ တခါတလေ အရာရာပြည့်စုံနေတော့ မိဘရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့မေ့နေတတ်တယ်”

” (ချမ်းသာပြီးတော်တဲ့ မိဘကျေးဇူး သိတတ်တဲ့ကလေးတွေလည်း အများကြီးရှိပါတယ်)ဆိုတော့ ကိုယ့်ရဲ့ ဘဝကို မသိမ် ငယ် စေဖို့နဲ့ ကိုယ့်ဆီမှာ မိဘအပေါ်ကျွေးမွေးပြုစုခွင့်ရတဲ့ သိပ်ကို ကောင်းတဲ့ ကံကို ပိုင်ဆိုင်ထားတယ်ဆိုတာ မှတ်ထားပေးပါလို့ ဒီစာလေးကို အဆုံးသတ်ရင်း …. ပိုင်တံခွန် ” လို့ ဆိုကာ လူငယ်တွေအတွက် မှတ်သားဖွယ်ရာတွေကို ပြောပြခဲ့ပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်ဘဝကနေ ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးထားသလို နောက်နှစ်ထဲမှာတော့ သူ့ရဲ့ ရုပ်ရှင်တွေကို ချစ်ပရိသတ်တွေက ကြည့်ရူနိုင်တော့မှာပါ။ယခုချိန်မှာတော့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကြော်ငြာလေးတွေကို အားပေးလိုက်ကြပါအုံးနော်။

Snow(mcc)

(Visited 471 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ