Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချည် ကို ကြည့်ပြီး မျက်ရည်ကျခဲ့ရတယ် ဆိုတဲ့ သက်မွန်မြင့်

သရုပ်ဆောင်တဲ့အပိုင်းမှာ သက်ဝင်လှုပ်ရှားမှုကောင်းပြီး ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ပရိသတ်ချစ်တဲ့ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ဟာ သူမရဲ့ ထပ်ဆင့်အကယ်ဒမီ ရရှိနိုင်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ချည် ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ ရုံတက်ပြသတော့မှာဖြစ်ပါတယ်။ သူမ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပေမယ့် ပြန်ကြည့်မိတဲ့အခါ မျက်ရည်ကျခဲ့ရတယ်လို့ ပြောပြလာပါတယ်။

သူမပြောပြခဲ့တာကတော့ ” ကိုယ်တိုင် သရုပ်ဆောင်ခဲ့ကြတာဆိုပေမယ့် ကြည့်ပြီးချိန် ရင်ထဲက ခံစားချက်တွေ မျက်ရည်အဖြစ် စီးကျ😢 ၂၆ ဒီဇင်ဘာ ရုံတင်ရင် အချည်ခံလိုက်ကြပါဦး!!🤟🏻🤟🏻🤟🏻” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

နေတိုး ကလဲ ” ချည် တဲ့ မနေ့ညက ကျွန်တော်တို့အားလုံးကြည့်ဖြစ်ကြတယ်။ ခံစားမှုကိုရင်ထဲကြာကြာထည့်မထားတတ်တဲ့ကျွန်တော် အခုအချိန်ထိချည်နှောင်ထားတာခံနေရတုန်းပဲ ဘယ်တော့များမှလွတ်မြောက်နိုင်မလဲ ချည်ရယ်..ထာဝရပါ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ချည် ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ(၈)ရက်နေ့က Family Show ပြသခဲ့ပြီး ပါဝင်ရိုက်ကူးထားတဲ့ အနုပညာရှင် တွေကိုယ်တိုင်ကလဲ ပြန်လည်ကြည့်ရူ့ခဲ့ကြပြီး မျက်ရည်စတွေနဲ့ ရုံထဲက ထွက်လာခဲ့ကြပါတယ်။ ချစ်တဲ့ပရိသတ်တွေလဲ ကြည့်ရူ့ချင်နေကြပြီလို့ ထင်မိပါတယ်။

ချည် ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး ၊ သက်မွန်မြင့် နဲ့ ရွှေသမီးတို့ က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Snow(mcc)

(Visited 12696 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ