Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူ ရယ်မောနေတာက သဘာဝကျလွန်းလို့ ချစ်တယ်ဆိုတဲ့ သားဂန်း

လူကြိုက်များတဲ့ သီချင်းဆို ပြိုင်ပွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အိမ်မက်ဆုံရာ(ရာသက်ပန်)ပြိုင်ပွဲကနေပရိသတ်တွေ များစွာ ရရှိလာတဲ့ အဆိုတော် သားဂန်းဟာ ယခုနောက်ပိုင်းမှာတော့ ပွဲတွေများစွာမှာ သီချင်းလိုက်ပါသီဆိုနေရသလို သီချင်းအသစ်တွေလဲ များစွာ ဖန်တီးနေသူဖြစ်ပါတယ်။ သူမှာ ချစ်စရာကောင်းတဲ့ မမ နဲ့ မောင်လေး အချစ်ဇာတ်လမ်းလေးတစ်ခုရှိပြီး သူ့ရဲ့ အချစ်ရေးက အရမ်းကို အေးချမ်းတည်ငြိမ်လှပါတယ်။

သားဂန်းဟာ မော်ဒယ်ဘဝကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တဲ့ ဘေဘီမောင်နဲ့ ချစ်သူတွေ ဖြစ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ။ သားဂန်းက သူ့ မမနဲ့ ပတ်သက်ပြီး သီချင်းတွေလဲ ရေးသား သီဆိုလေ့ရှိသလို မမကို ချစ်တဲ့ အကြောင်းတွေကိုလဲ စာတိုလေးတွေ ရေးသားဖော်ပြလေ့ရှိပါတယ်။

ယခုအခါမှာတော့ မမရဲ့ ပုံစံတွေထဲမှာ သူသဘောအကျဆုံးပုံစံလေးတစ်ခုကို ထုတ်ပြောလာခဲ့ပါပြီ။ အဲ့ဒါကတော့ “ သူမက ရယ်လိုက်တိုင်း သဘာဝကျရိုးရှင်းလို့ချစ်တယ်❤️😁တစ်သက်လုံး အလိုလေးရီပြီးမောင့် နားနေပေးပါ🙏🏻😁 စိတ်ချမ်းသာအောင်ထားဖို့က မောင့်တာဝန်ထား☺️”လို့ ဆိုပြီး ချစ်သူရယ်နေတဲ့ ပုံလေးနဲ့ အတူ ရေးသားဖော်ပြခဲ့ပါတယ်။

သားဂန်းလိုဘဲ ချစ်တက်တဲ့ မောင်လေးတွေ ရှိကြလား ၊ မမဘေဘီမောင်က အရမ်းတွေကျေနပ်နေရှာမှာပေါ့နော်။ သူတို့ ချစ်သူနှစ်ဦးကို ချစ်တဲ့ သူတွေအတွက် ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှု့ပေးသူတွေ ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 3864 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ