Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူအပေါ်ထားတဲ့ မိန်းမတို့ရဲ့သဘော ကို ပြောပြလာတဲ့ စံရတီမိုးမြင့်

ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်သရုပ်ဆောင် စံရတီမိုးမြင့်ဟာ ယခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ သူမဟာ အနုပညာလောကမှ ခဏပျောက်ကွယ်သွားပြီး နောက် ပြန်လည်ရောက်ရှိလာချိန်မှာတော့ ယခင်ထက်ပိုမိုလှပတဲ့ လှပခြင်းမျိုးနဲ့ ပရိသတ်ကိုဖမ်းစားထားပါတယ်။ စံရတီမိုးမြင့်ဟာ အမှတ်ရစရာ စာသားလေးတွေကို ရေးသားလေ့ရှိပေမယ့် ယနေ့မှာတော့ မိန်းမတို့ချစ်တဲ့ သဘောကို ပြောပြလာပါတယ်။

သူမပြောခဲ့တာကတော့ ” ကိုယ်တို့ မိန်းမတွေဟာ အစပိုင်းမှာ မချစ်သယောင် အနိုင် ကျင့် သယောင် .. နှိပ်စက်တတ် သယောင် ဆိုး သယောင် ဆောင်ခဲ့ကြတယ်..အချိန်ကြာလေ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘဲ ဒီလူတွေကို အဆုံးထိပေးဆပ်ဖို့ ဘဲ တွေးမိပြန်ရောလေ.. ဒီလူတွေကလဲ အစပိုင်းမှာ ချစ်လိုက်တာမှတုန်လို့ ဂရုစိုက်လိုက်တာမှ လွန်လို့ .. ယုယလိုက်တာမှကမ်းကုန်လို့ ”

” နေ့ရက်တိုင်းကို Valentine’s day လိုလို ဖန်တီးလိုက်တာ မှ ဖန်ဆင်းရှင်တစ်ပါးအလားဘဲ..အချိန်နဲနဲကြာတော့ သူတို့တွေရဲ့အချစ်တွေ လျော့ လာပြီးစွန့်ခွာချင်တော့မှ ကိုယ်တို့တွေရဲ့ မသိစိတ်က အချစ်တွေထွက်လာပါရော..အနိုင်ယူတာတွေ ဆိုးတာတွေပျောက် ဒီလူကိုယ့်ဘဝထဲက မထွက် သွားအောင်ဆွဲထားရင်း မရှိတော့တဲ့ ချစ်ခြင်းမေတ္တာတွေ ဖန်ဆင်းခြင်းတွေကို အခုပဲရှိနေသယောင် စားမြုံ့ပြန်ကြနဲ့..အော်……ကိုယ်တို့မိန်းမတွေဟာ သိပ်ပြီးတတ်လဲတတ်နိုင်ကြတာဘဲနော်..” ဆိုပြီး ရေ းသားခဲ့ပါတယ်။

သူမပြောသလိုမျိုး ပရိသတ်ကြီးရောဟုတ်ရဲ့လား admin နဲ့တော့ ကွက်တိဘဲ။ တိုက်ဆိုင်မှုတွေရှိရင် ပြောခဲ့ကြပါအုံး။ ဖတ်ရှု့ပေးသူတွေ ကျေးဇူးတင်ပါတယ်။

Source – sanyati moe myint’sfb

(Visited 445 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ